50

11.3K 1.2K 35
                                    

မင်းကဒီလိုမျိုး ကျန်းမာသွက်လက်တဲ့ကလေးလေး တစ်ယောက်ဖြစ်ရမယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~

နင်းယွီရဲ့စကားတွေကိုနားထောင်အပြီး ရှောင်းယွီဟာ စုန့်ပေါလောင်ကြီးပြင်းလာတဲ့ ဝန်းကျင်ကို ရုတ်တရက် စိတ်ဝင်စားလာသလို ဆက်တိုက်မေးလာတော့သည်။

" သူက သူ့အဖေနဲ့ ဆက်ဆံရေးမကောင်းဘူးလား? "

" သူက ခဏခဏ ကြာပွတ်နဲ့အရိုက်ခံရတာလား? "

" သူ ဒီလောက်တောင် ကြီးနေပြီကို သူ့အဖေက ရိုက်တုန်းလား? "

သူ အများကြီးထပ်မေးလေလေ၊ နည်းနည်းထူးဆန်းလာလေလေပင်။ ဘာပဲဖြစ်ဖြစ် သူနဲ့ စုန့်ပေါလောင်က တခါမှ မဆုံဖူးတာဖြစ်လို့ သူ အရမ်းကြီး စပ်စုသင့်သည်မဟုတ်။

သူက နင်းယွီ သံသယတွေကို မြင်သွားပြီး ရှင်းပြလာသည်။

" ငါ့သားလေးကို တွေးမိသွားလို့ပါ။ " သူက တီးတိုးဆိုသည်။ " ငါက သူ့ကို ပိုကောင်းတဲ့ ပညာရေးရအောင် သူ့အဖေနဲ့ထားပစ်ခဲ့တယ်၊ ငါ့နောက်လိုက်လာပြီး လှည့်ပတ် လျှောက်သွားမနေစေချင်ခဲ့ဘူးလေ။ ဒါ့အတွက်ကြောင့် သူကောင်းကောင်းမကြီးပြင်းခဲ့ရဘူးဆိုရင် ... ငါ .... "

သူက ဆက်မပြောတော့သော်လည်း ဝမ်းနည်းနေသည့် အမူအရာက အားလုံးကို ရှင်းပြသွား​သည်။

နင်းယွီရဲ့စကားတွေက သူ့ကိုစာနာစိတ်ဖြစ်လာသည်ထင်​၏။

" အန်ကယ်က ကလေးနဲ့ အဆက်အသွယ်ပြတ်နေတာလား။ " နင်းယွီမေးလိုက်သည်။

" ငါ့လက်တွဲဖော်နဲ့ ကွာရှင်းပြီးတော့ သူ့မိသားစုနဲ့ သူတို့သားအဖနဲ့ ထပ်ပြီး နီးနီးကပ်ကပ်မနေဖို့ သတိပေးခဲ့တယ်။ ငါက သူတို့နဲ့ အဆက်အသွယ်ရှိနေသရွေ့ သူတို့က ဘဝသစ်ကို စနိုင်မှာမဟုတ်လို့ ဘယ်သူ့အတွက်မှ ကောင်းမှာမဟုတ်ဘူးတဲ့။ ဒီအကြောင်းအရင်းကြောင့် ငါအိမ်ပြောင်းပြီး ဖုန်းနံပါတ်တွေရောပြောင်းလိုက်တယ်။ ငါ့ကိုယ်ငါကို အလုပ်ထဲမှာပဲ နှစ်မြှုပ်ထားခဲ့တာ "

သူက သက်ပြင်းချလျက်။ " နှစ်နည်းနည်းလောက်တုန်းက ပြန်သွားချင်ခဲ့ပေမယ့် ငါ တောင်ပေါ်ကနေ ပြုတ်ကျပြီးပြင်းပြင်းထန်ထန်ဒဏ်ရာရခဲ့တယ်။ တစ်နှစ်ကျော်လောက်ထိ အိပ်ရာထဲ လဲနေခဲ့တာပေါ့။ လုံးဝ ပြန်ကောင်းလာတဲ့အချိန်ကျတော့လဲ ငါ့ခြေထောက်က ဆာသွားခဲ့တယ်လေ။ ငါ ငါ့ကလေးကို ဒီလိုမျိုး မမြင်စေချင်ဘူး။ ငါ သူ့ကို စာလေးတွေရေးပို့ပြီးကြိုးစားခဲ့ပေမယ် ပြန်စာမရခဲ့ဘူး "

ဒဏ်ရာဟောင်း || ဘာသာပြန် || 『Completed 』Onde histórias criam vida. Descubra agora