43

9.4K 1K 29
                                    

မနက်ခင်း မိုးအရမ်းရွာခဲ့တော့ ကျွန်တော်စတိုးဆိုင်လဲ ရောက်ရော၊ အဝတ်တွေစိုရွှဲကုန်ပြီ ။

~~~~~~~~~~~~~~~~~~~~

နောက်လဝက်လောက်(၁၅ရက်)အထိ နင်းယွီ စုန့်ပေါလောင်အားမမြင်ရတော့ပြန်ပေ။ သူက အမြဲ မြို့ထဲမှာပဲ နေခဲ့ပြီး ပြန်မလာခဲ့။

နင်းယွီက တိုက်ရိုက်ထုတ်လွှင့်ခြင်းကို ပြန်စခဲ့ရာ ကြည့်ရှုသူ အလွန်အမင်းများလာခဲ့​၏။ ဟန်ယင်းပြောသလို ချန်ရှင်းဇယ်ကျပြီးနောက် နင်းယွီက အလျင်အမြန်ပင် Amberရဲ့ ပေါ်ပြူလာကင်း တစ်ယောက်ဖြစ်လာခဲ့သည်။ သူတို့က စပ်စုချင်၍ပေလား၊မုန့်ဖုတ်ခြင်းကို အမှန်တကယ် စိတ်ဝင်စား၍ပေလားမသိသော်ငြား အားလုံးက Omegaထက် စွမ်းဆောင်ရည်သာတဲ့ Betaဖြစ်သော နင်းယွီက ဘယ်လိုမျိုးလဲဆိုတာ သိအောင်အလျင်ရောက်လာခဲ့ကြသည်။ နင်းယွီရဲ့ တိုက်ရိုက်ထုတ်လွှင့်ခြင်းက " သင်ပြ " နေတာနဲ့မတူတော့ပဲ " ဖျော်ဖြေ " နေဟန် ဖြစ်လာခဲ့တော့သည်။

မည်သို့ဖြစ်စေ မိမိရဲ့ လိုက်ဗ်ကို သူတို့ဘယ်လိုရည်ရွယ်ချက်နဲ့ လာကြည့်သလဲ နင်းယွီက စိတ်မဝင်စား။ သူတို့ရောက်လာသောအခါ ဧည့်သည်တွေဖြစ်လာကြတာကြောင့် အရင်တိုင်း မကွာခြားပဲ ကိတ်မုန့်လုပ်နည်းကိုသာ သင်ပေးခဲ့လေသည်။

လော့ချင်ဟယ့်ကမူ စုန့်မော့ကို လာတွေ့ဖို့ ခွင့်မပြုပေ။ သူ ဖုန်းပြောတာငါးမိနစ်ထက်ကျော်သွားတိုင်း သခင်လေးက နေမကောင်းဟူ၍ အောက်ထပ်ရှိ အစေခံမှ ဖုန်းချတာခံရ​၏။ သို့သည့်တိုင် လော့ချင်ဟယ့်က သူပျင်းနေမှာစိုးတာကြောင့်အီလက်ထရွန်နစ်ပစ္စည်းတွေ အသုံးပြုတာကိုတော့ မတားမြစ်ထားပေ။ သူက နင်းယွီရဲ့ လိုက်ဗ်ထုတ်လွှင့်ခြင်းကို တက်ဘလက်နဲ့ နေ့စဉ်နေ့တိုင်းကြည့်ရှုလိမ့်မည်ပင်။

သူ အိပ်လေ့အိပ်ထရှိသောအချိန်တွင် နင်းယွီက နာရီဝက်လောက် အချိန်ယူ၍ မင်းသားလေးကို စာမျက်နှာတစ်ချို့လောက်ဖတ်ပြပေးသည်။ နင်းယွီနဲ့ သူ အတူမရှိရသော်လည်း မိမိအသံက သူ့ကိုအိပ်ပျော်စေဖို့ မျှော်လင့်မိ​၏။

စက်တင်ဘာလ အစကတည်းက တောင်ပေါ်မှာ ရက်အတော်တော်ကြာ မိုးစွေနေခဲ့သည်။ တောက်ဘုန်းကြီး ဝေ့ကျင်ကရာသီဥတုဆိုးကြောင်းပြောလာပြီး တောက်ချန်မလုပ်မှီ မိုးရက်တွေကုန်သည်အထိ စောင့်သင့်ကြောင်းနှင့် မိမိထင်မြင်ချက်ကို မေးလာခဲ့သည်။ နင်းယွီက ၇နှစ်တာလုံးစောင့်ခဲ့ပြီဖြစ်၍ ဒီရက်လေးတွေက လိုအပ်မနေတော့ပေ။ ထုံးစံအတိုင်း ပြဿနာမရှိခဲ့။

ဒဏ်ရာဟောင်း || ဘာသာပြန် || 『Completed 』Where stories live. Discover now