51

11.1K 1.2K 33
                                    

လတ်တလော၊ကျွန်တော် နာမည်တွေအကြောင်းစဉ်းစားမိလာတယ်။

~~~~~~~~~~~~~~~~~~~~~~~

စုန့်ပေါလောင်က နင်းယွီရဲ့ဒဏ်ရာရထားတဲ့ညာလက်ကို ကိုင်ပြီး ဂရုတစိုက်လေး နှုတ်ခမ်းဖြင့် လက်ခုံကိုဖိကပ်ထား​၏။မျက်ခွံက မျက်ဆံတို့ကို တစ်ဝက်ပိတ်ကျနေပြီး မျက်တောင်များက တသိမ့်သိမ့်တုန်ယင်လျက်။ ကြည့်လိုက်တာနှင့်လှိုက်လှိုက်လှဲလှဲနဲ့အမြတ်တနိူးရှိလှတဲ့ အနမ်းတစ်ပွင့်လိုပင်။

နင်းယွီ နာကျင်နွမ်းလျစွာနိူးလာခဲ့သော် ထိုသို့သော ပုံရိပ်ကမျက်စိထဲ တန်းဝင်လာခဲ့​၏။

မျက်တောင်နှစ်ချက်မျှ ခတ်လိုက်ပေမယ့် ပုံရိပ်က ပျောက်မသွား။လက်ချောင်းဖျားများအတွင်းမှ စိုစွတ်နူးညံ့သည့်အထိအတွေ့ကိုပင် ခံစားမိလိုက်သည်။

အိပ်မက် မဟုတ်ဘူး......

နင်းယွီ သဘောပေါက်မိချိန်မှာ လက်ကို ပြန်ရုတ်ဖို့ ကြိုးစားမိပေမယ့် မိမိရဲ့ ကိုယ်ကာယအားကို ပိုခန့်မှန်းမိသွားသည်။မှန်းထားသလို ရုတ်တရတ် လက်ရုတ်လိုက်မည့် လှုပ်ရှားချက်အစား လက်ချောင်းလေးတွေဖွဖွလှူပ်လိုက်သည့်အလားဖြစ်ခဲ့​၏။

မည်သို့ဆိုစေ စုန့်ပေါလောင်အတွက်ကတော့ ဒီအားလေးကပင် နင်းယွီရဲ့အခြေအနေကို သတိပြုမိဖို့လုံလောက်သည်။သူက ရုတ်ခြည်းတောင့်သွားပြီး မကောင်းတာတစ်ခုခုလုပ်ထားတာမိသွားသော အထက်တန်းကျောင်းသားတစ်ယောက်နှယ် နင်းယွီကို ကြည့်ရင်း လက်ကို အမြန် လွှတ်ပေးလာခဲ့သည်။

အချိန်အတော်ကြာတိုင် တစ်ယောက်နဲ့တစ်ယောက်ကြည့်နေမိခဲ့ပြီး၊ သူ့မျက်လုံးများမှ ရှုပ်ထွေးနေသော ခံစားချက်တွေတစ်ခုပြီးတစ်ခု ဖြတ်ပြေးသွားသည်။ နောက်ဆုံးမှာတော့ နှစ်ယောက်လုံး မျက်လုံးမှိတ်လိုက်ပြီးသူ့အမူအရာကိုလုံးလုံးလျားလျား ဖော်ပြလိုက်သည်။ " ဘယ်နေရာ မကောင်းနေတာရှိလဲ? "

ရိုးရိုးသားသားပြောရပါက နင်းယွီ ဘယ်နေရာမှာမှ မကောင်းနေပေ။ မိမိခေါင်းက Lego ပုံရိပ်တစ်ခုက တစ်ချိန်လုံး ဒရမ်တီးနေသည့်အတိုင်း ကိုက်ခဲနေ​၏။

ဒဏ်ရာဟောင်း || ဘာသာပြန် || 『Completed 』Où les histoires vivent. Découvrez maintenant