ဒီနေ့ Amberနောက်ကွယ်က တစ်စုံတစ်ယောက်က ကျွန်တော့်ကို သီးသန့်မက်ဆေ့ချ်ပို့ပေးပြီး ကျွန်တော်ဝတ်ဖူးခဲ့တဲ့ မုန့်ဖုတ်ဝတ်စုံတွေကို ဝယ်ဖို့ ၅၀၀၀လောက်သုံးပေးမယ်လို့ပြောလာတယ်။ ပြီးတော့ မလျှော်ရသေးတဲ့ မူရင်းဝတ်စုံတွေတဲ့...... ဘာတွေဖြစ်နေတာလဲ?
~~~~~~~~~~~~~~~~~~~~~~~~~~
သူ စကားထပ်ပြောမယ်မထင်တော့။ နင်းယွီ ခေါင်းငုံ့လျက် ယာဂုကို ဆက်သောက်နေလိုက်သည်။
ထိုကာလအတွင်း သူက တစ်ခုခုပြောဖို့ တွန့်ဆုတ်နေပြီး နင့်နင့်နဲနဲတွေးနေသည့်အတိုင်း မိမိကိုကြည့်နေတယ်ဆိုတာ ခံစားလို့ရနေ၏။
" ဘာလို့ ရှန်းဖျင်ကို တောင်ပေါ်တက်ခွင့်ပေးလိုက်တာလဲ။ "
ဇွန်းကိုင်ထားသည့် နင်းယွီလက်တွေက လေထဲမှာဝဲသွားပြီး ဘာမှမဖြစ်သည့်နှယ် ပြန်လုပ်နေလိုက်သည်။
" နောက်တစ်ခါ မဖြစ်စေရဘူး။ "
ကျိုးနေတဲ့ ညာလက်က စောင်ပေါ်မှာရှိနေပြီး လက်ချောင်းဖျားများဟာ မသိလိုက်မသိဘာသာနဲ့ တင်းလိုက်ဆုပ်လိုက်။ စုန့်ပေါလောင်နဲ့ အတူရှိနေရခြင်းက နင်းယွီကို မဆိုစလောက် ပူပင်စေ၍လား၊ တိတ်ဆိတ်နေသည့် ပတ်ဝန်းကျင်က လူတွေကိုအမြဲတမ်း ပေါက်ကရ အတွေးမျိုးဝင်စေ၍ပေလားမသိ။ ရုတ်တရက် သတိမပေးပဲ ဂျယ်လီငါးတစ်ကောင်က မိမိ၏စိတ်ထဲမှာပေါ်လာပြီး မျောလွင့်နေတော့၏။
" မင်းအရင်က သူ့ကို ဘယ်လောက်ပဲ ထင်ယောင်ထင်မှားဖြစ်ခဲ့ပါစေ သူမှာ တကယ် ဩချရလောက်အောင်ကို နောင်တတရားဆိုတာမရှိဘူး။ "
သူ ဘာပြောပြော နင်းယွီ လက်ခံပေးသင့်သည်ပင်။
" ဟုတ်တယ်။ ငါတကယ် တုံးအခဲ့တာပဲ။သေချာ ဂရုမစိုက်မိခဲ့ဘူး။ ရှေ့နေဝူဖုန်းက ငါ့ကိုပြောဆိုပြီးပါပြီ၊ တရားစွဲတာမပြီးမချင်း ရွှီမေ့ရန်နဲ့ပတ်သက်တဲ့လူတွေ မှန်သမျှ ငါထပ်မတွေ့တော့ဘူး။ မပူပါနဲ့ "
နင်းယွီက အပြုအမူကောင်းကောင်းနဲ့ အမှားကို ဝန်ခံလိုက်တော့ သူ့ရဲ့ပြောစကားတွေကို ပိတ်လိုက်သည့်နှယ် သူ ဒေါသထွက်စရာနည်းလမ်းမရှိတော့ပေ။ ထို့ကြောင့် သူ အကြာကြီး တိတ်ဆိတ်သွား၏။
ESTÁS LEYENDO
ဒဏ်ရာဟောင်း || ဘာသာပြန် || 『Completed 』
Romance" အကယ်၍ မင်း တစ်ခုခုကို အမှားလုပ်မိခဲ့ပြီဆိုရင်၊အကျိုးဆက်တွေကို ရင်ဆိုင်ဖို့လိုတယ်။ ဒါကြောင့် ငါက တစ်ဘဝစာလုံး ကံအကြောင်းမလှဖို့ရာ ပြင်ဆင်ခဲ့ပြီးပြီ။ " စုန့်ပေါလောင် x နင်းယွီ