အခန်း ၁၁ - အတောင်ပံတွေရှိရင်တောင် ပျံလို့မရနိုင်ဘူး။ ဖားတစ်ကောင်ဆိုရင်တော့ ထားလိုက်ပါတော့?
_________________________________
အိပ်ခန်းတံခါးကို ဖွဖွလေးတွန်းဖွင့်မိသော် စုန့်ပေါလောင်ကို အခန်းထဲမှာ မတွေ့ရ။ သူ အိပ်ခန်းထဲမှာ မဟုတ်ဟု ထင်လိုက်မိ၍ နင်းယွိ တံခါးကို ပိတ်လိုက်ပြီး သက်ပြင်းလေး ချရန်ပြင်လိုက်တုန်း လသာဆောင်မှ ပြတ်တောင်းပြတ်တောင်းအသံကို ကြားလိုက်ရ၏။
" ပန်းနာရောဂါအတွက်ကတော့၊ အသေးစားပြဿနာလေးနဲ့ အထူးတလယ် ဒီကို လာစရာမလိုပါဘူး။ "
စုန့်ပေါလောင်အသံက အလွန့်အလွန် စိတ်ကိုရှည်နေရပြီး ကသိကအောက်ဖြစ်ခြင်းတွေက်ို ဖိနှိပ်ထားရသည်မျိူးအပြည့်။တစ်ဖက်လူက မည်သည့်စကားပြောလိုက်သည်မသိ၊ ဖိနှိပ်ထားသည်များက ထိန်းထားလို့မရတော့ပဲ သူဟာ လုံးဝကိုစတင်ပေါက်ကွဲတော့သည်။
" ဘာပဲဖြစ်ဖြစ် သူက ကျုပ်သား။ ကျုပ်က သူ့ကို သတ်မှာတဲ့လား? သူစကားမပြောနိုင်တာ ဘယ်သူအပြစ်မို့လဲ? "
ထိုးနှက်မှုအပြီး နောက်ထပ်အကြာကြီး တိတ်ဆိတ်သွားပြန်၏။
နင်းယွိ စောင်ကို ခွာလိုက်ပြီး အိပ်ရာပေါ်လဲလိုက်ကာ ဒီကာလမှာ မည်သည့်ဆူညံမှုမျိူးမှမလုပ်ရဲ။ ဆူသံက စုန့်ပေါလောင်နားထဲကို ရောက်ပြီး သူ့ကို ပိုရန်ဆွမိမှာကြောက်သောကြောင့်ပင်။
နင်းယွိ လှဲချလိုက်၍ သက်ပြင်းတစ်ချက် မှုတ်ထုတ်မိသောအခါမှ စုန့်ပေါလောင်က ဖုန်းချလိုက်သည်။
လျှောတံခါးက ပွင့်၍ ပြန်အပိတ်၊ တောင်လေအေးအေးက နင်းယွိလည်ကုပ်ထံ တိုက်ခတ်လာရာ နင်းယွိမှာ မတုန်သွားပဲမနေနိုင်။ ခဏအကြာ နင်းယွိနောက်က အိပ်ရာမှာ အိကျသွားခဲ့ပြီး စုန့်ပေါလောင် ထိုင်ချလိုက်တာပင်။
နင်းယွိမှာ ဘေးတိုက်တောင့်တောင့်လေးဖြင့် လှဲနေခဲ့ပြီး လုံးလုံးမှ အိပ်မရ၊ အကြည့်တစ်ခုက ပေါ်တင်ပင် ခေါင်းအစခြေအဆုံး စိုက်ကြည့်နေသလို အမြဲခံစားရ၏။
သောက်ကျိူးကနည်း... သူ ဘာကြည့်နေတာလဲ?
နင်းယွိ မျက်လုံးဖွင့်လိုက်ပြီး အမှောင်ထုကို တည့်တည့် ငေးကြည့်ရင်းဖြင့် အနောက်ကိုလှည့်၍ စုန့်ပေါလောင်က ညလယ်ကြီးမအိပ်နိုင်သလို ဘာကြောင့် နင်းယွိအား စိုက်ကြည့်နေလဲဆိုတာကို သိချင်မိသည်။
YOU ARE READING
ဒဏ်ရာဟောင်း || ဘာသာပြန် || 『Completed 』
Romance" အကယ်၍ မင်း တစ်ခုခုကို အမှားလုပ်မိခဲ့ပြီဆိုရင်၊အကျိုးဆက်တွေကို ရင်ဆိုင်ဖို့လိုတယ်။ ဒါကြောင့် ငါက တစ်ဘဝစာလုံး ကံအကြောင်းမလှဖို့ရာ ပြင်ဆင်ခဲ့ပြီးပြီ။ " စုန့်ပေါလောင် x နင်းယွီ