57

10.5K 1.2K 11
                                    

ငြိမ်းချမ်းမှုကို အမွှမ်းတင်ပါ၊ ကိုယ့်ကိုယ်ကို ကာကွယ်နိုင်တဲ့ ပါဝါတော့ ရှိပါစေ။ သူတို့ထဲက လူဘယ်နှစ်ယောက်လောက်များ လုပ်နိုင်မှာမို့လဲ။

~~~~~~~~~~~~~~~~~~~~~~~

စုန့်ပေါလောင်က မူးပြီးနောက် သူ့စကားနဲ့လုပ်ရပ်တွေကို လုံးလုံးမေ့သွားပုံရပြီး သူ နင်းယွီ ထပ်တွေ့သောအခါ မျက်နှာမှာဘာပြောင်းလဲမှုမှ မရှိနေ။

ဘာပဲဖြစ်ဖြစ် ဒီအတိုင်း မေ့လိုက်တာပေါ့၊ မှတ်မိဖို့ တန်တာလဲ တစ်ခုမှ မရှိပါဘဲလေ။

ပထမတုန်းက နင်းယွီဟာ မိမိခန္ဓာကိုယ်အခြေအနေကို တည်ငြိမ်ပြီလို့ ထင်ခဲ့ပြီး ခန္ဓာကိုယ်ပေါ်က အင်ပျဉ်နဲ့ အဖုအပိန့်တွေဟာ နာတာမရှိသလို ယားတာလဲမရှိခဲ့တာကြောင့် မိမိက C20 လူနာဖြစ်နေတယ်ဆိုတာတောင် မေ့လုနီးပါးဖြစ်နေခဲ့သည်။ညလယ်ကြီးကျမှ အဖျားတွေ ရုတ်တရက်ထကြီးပြီး 40°Cအထိ တစ်ဟုန်ထိုးတက်လာ အားလုံးကိုရူးသွပ်သွားစေမယ်လို့ဘယ်သူကထင်မှာလဲ?

ကံကောင်းစွာနဲ့ စုန့်ပေါလောင်က အချိန်မှီ သိသွားပြီး နင်းယွီကို စောင်နဲ့အတူ ကားထဲသယ်သွားကာ ဆေးရုံကို မောင်းနှင်ခဲ့သည်။

" မအိပ်လိုက်နဲ့... ကိုယ်တို့ချက်ချင်း ဆေးရုံသွားနေတာ "

မျက်လုံးကို ခက်ခက်ခဲခဲဖွင့်လိုက်လျှင် စုန့်ပေါလောင်ရဲ့ မျက်နှာက မြင်ကွင်းထဲကို ဝင်လာခဲ့သည်။ နင်းယွီက နောက်တစ်စက္ကန့်မှာပဲ သေသွားတော့မလို သူ ဒီလောက်စိတ်ပူနေတာမျိူး မမြင်ဖူးခဲ့ပါချေ။

" ဖျားရုံလေးတင်ပါ... " သူ့လက်ဖဝါးက နင်းယွီ မျက်နှာတစ်ဖက်ကို အုပ်ကိုင်လိုက်သော် အေးစက်စက်ဖြစ်လာတာကြောင့်ပူနေတဲ့ ပါးပြင်နဲ့ မပွတ်မနေနိုင် ဖြစ်ကာ သက်သာတဲ့ အသံတွေထုတ်လိုက်မိသည်။

နင်းယွီ မျက်လုံးမပိတ်ပဲ မနေနိုင်တော့ပေမယ့် သူက မိမိလည်ပင်းကို အားသွန်ခွန်စိုက်ပွတ်ကာ အထပ်ထပ် နှိုးစေခဲ့သည်။

" ကိုယ်ပြောနေတာ၊ မအိပ်လိုက်နဲ့ ! " သူက အံကြိတ်ထား​၏။

နင်းယွီ ဒီလိုတောင်ဖြစ်နေပြီကို၊ သူက အရမ်းကြမ်းပြနေတုန်း... သူ့ ဒေါသက တကယ်ဆိုးတာပဲ။

ဒဏ်ရာဟောင်း || ဘာသာပြန် || 『Completed 』Where stories live. Discover now