Extra-9

7.7K 999 49
                                    

Unicode

【ကျွန်ုပ်​၏ xxx " ခေါင်းစဉ်နှင့် စာလုံးရေ ၈၀၀ထက်မနည်း စာစီစာကုံး ရေးပါ။】



" ကျွန်မ​၏ မိသားစု "



စုန့်နင်းရှီး ၊တန်းခွဲ ၂ ၊ ပထမတန်း။

ကျွန်မ မိသားစုမှာ ဒက်ဒီ၊ မာမီ၊ ကိုကိုနဲ့ တခြားသူတွေ ပါဝင်တယ်။

ဒက်ဒီက အရမ်းဆိုးပြီး ကျွန်မကို အမြဲတမ်း အနိုင့်ကျင့်တတ်တယ်။ သူက အလုပ်အရမ်းရှုပ်တဲ့သူဖြစ်ပြီး တစ်ခါတလေအိမ်ကို နောက်ကျမှ ပြန်လာတယ်။ ဒက်ဒီ အိုဗာတိုင်ဆင်းရချိန်တိုင်း မာမီက အိပ်ရာမဝင်ခင် သူပြန်လာသည်အထိ စောင့်လေ့ရှိတယ်။ ဒါပေမယ့် ကျွန်မနဲ့ ကိုကိုကတော့ မစောင့်နိုင်ဘူး၊ မာမီကပြောတယ် ကျွန်မတို့က ကလေးတွေမို့ စောစောအိပ်ပြီးစောစောထရမယ်တဲ့။

အိုင်း... တကယ်တော့ သူတို့တွေ ညဆို ကျွန်မနောက်ကွယ်မှာ အရသာရှိတာတွေ ဖွက်စားကြမလို့ဆို သိပါ့။

တစ်ခါတုန်းက ညဘက်မှာ ကျွန်မ ကြက်ကင်ကြီး စားနေရတယ်လို့ အိပ်မက်မက်ပြီး ဗိုက်ဆာဆာနဲ့ နိုးလာတော့ ၊အစာအိမ်ကို ခံစားမိလို့ အောက်ထပ်ကိုဆင်းလာခဲ့တယ်။ အဲ့ဒီမှာ သူတို့ကို ကိတ်စားနေတာတွေ့လိုက်ရတာပဲ၊ မီးဖိုချောင်ထဲမှာ စတော်ဘယ်ရီကိတ်ကိုလေ!ဒက်ဒီက သူတစ်ယောက်တည်းစားနေရုံမကဘူး၊ မာမီ့ကိုလဲ သူ့ပါးစပ်နဲ့ ကျွေးလိုက်သေးတယ်။ အဆုံးသတ်မှာ မာမီက မစားချင်နေမှန်း သိသာနေတာကြောင့် သူက လက်ညှိုးနဲ့ ခရင်မ်ကို ထိုးယူပြီးမာမီပါးစပ်ထဲ ထည့်ပေးလိုက်တယ်။

ပြီးတော့ ခရင်မ်တွေဆိုတာ နေရာအနှံ့ပဲ။ ဖြုန်းတီးလိုက်တာ။ ဒါနဲ့ ကျွန်မ အောက်ဆင်းပြီး သူတို့ကို ပြောလိုက်တယ်၊ မာမီတို့ မစားချင်တော့ရင် သမီးကိုပေးလို့ရတယ်၊ သမီးနည်းနည်း ဗိုက်ဆာနေလို့ပါလို့။ သူတို့က ကျွန်မကြောင့် လန့်သွားကြပြီး မာမီဆို ဒက်ဒီကို တွန်းမိတော့မတတ်ဖြစ်သွားရတယ်။ ဒက်ဒီမျက်နှာကြီး မည်းသွားတာပဲ။

ဒက်ဒီ .. အဲ့ဒီ ကပ်စေးနှဲကလေ အဆုံးထိ ကျွန်မနဲ့ ကိတ်မျှစားဖို့ ငြင်းနေခဲ့တယ်၊ ကျွန်မကို အိပ်ခန်းပြန်ပို့ပြီး မြန်မြန်အိပ်ဖို့ပြောတယ်။

ဒဏ်ရာဟောင်း || ဘာသာပြန် || 『Completed 』Tempat cerita menjadi hidup. Temukan sekarang