30

9.4K 1.1K 11
                                    

လျန်ချိူးယန်က ကျွန်တော်က မြေခွေးနဲ့တူပေမယ့် သိုးလေးလိုပဲတဲ့။ ဒါကြောင့် ကျွန်တော်လဲ အနာဂတ်အတွက် အရမ်းစိတ်ပူလာရတယ်။

~~~~~~~~~~~~~~~~~~~~~~~~

စီရင်ချက်ကိုစောင့်နေစဉ်အတွင်း လော့ချင်ဟယ့်က ရုတ်တရက်ကြီး အိမ်ကို ရောက်လာခဲ့သည်။

အန်တီကျိူးက တစ်ဖက်လူ တောင်ခြေကိုရောက်လာပြီလို့ ပြောသောအခါ ပထမဆုံး တွေးမိတဲ့ အတွေးက ; ငါ တော့ သူ့ဆီက အဆူခံရတော့မယ် ' ဟူ၍။

သို့ပေမယ့် သူဝင်လာသောအခါ သူ့မျက်လုံးတွေက နင်းယွီရဲ့ မျက်နှာပေါ်မှာ ဝေ့ဝဲသွားပြီး တရားစွဲတာလဲမပြောသလို၊ နင်းယွီ တစ်ဖန် တိုက်ရိုက်ထုတ်လွှင့်လာတာကိုလဲ မပြောပါချေ။ ပရဟိတပွဲအခမ်းအနားတုန်းက နင်းယွီလန့်သွားလေသလားလို့ မေးဖို့တော့ လွယ်ခဲ့သည်။ သူဆိုလိုချင်တာကို သဘောမပေါက်ပေမယ့် ယင်းက " စားပြီးပြီလား? " လိုယဉ်ကျေးတဲ့နှုတ်ဆက်စကားမျိုးနဲ့ ဆင်တူလေသည်။

နင်းယွီက ဟင့်အင်းပင် ပြောခဲ့ပြီး ထိုနေ့က စုန့်ပေါလောင်ရဲ့ ကျေးဇူးကြောင့် မိမိမကြောက်ခဲ့ကြောင်း ပြောလိုက်သည်။

လော့ချင်ဟယ့်က ခေါင်းညိတ်၍ ထပ်မေးခွန်းမရှိတော့ပဲ အန်တီကျိုးဘက် လှည့်ကာ စုန့်မော့ကို အောက်ခေါ်လာဖို့ ပြောလိုက်သည်။

နင်းယွီ ကြောင်အလျက် " မော့မော့ကို အပြင်ခေါ်သွားမလို့လား? "

လော့ချင့်ဟယ်က ထိုသည်မှာ ထင်းရှူးပင်နဲ့ ကျောက်ပန်းပင်ကဲ့သို့ ခပ်တန်းတန်းနှင့် အေးစက်စွာ ရပ်နေ​၏။ ထိုသို့သော အမြဲလိုလို အေးဆေး ထိန်းချုပ်တတ်ဟန် Alphaတစ်ယောက်အတွက် သူ စုန့်ပေါလောင်အပေါ် ယုတ္တိမတန်တတ်သည်မျိူးက ပုံဖော်ရခက်လှသည်။

" ဒီနေ့က ယန်းချီနဲ့ အားချောင်တို့ ကွယ်လွန်တဲ့ နှစ်ပတ်လည်။ "

ယန်းချီ၊ အားချောင်... ရှယန်းချီနဲ့ ရှချောင်? သူတို့ သေတဲ့ရက်က တစ်နေ့တည်းဖြစ်နေတာလား?

ကြည့်ရတာ စုန့်မော့ကို အလည်ခေါ်ဖို့ လာတာမဟုတ်ဘဲ ကမ္ပည်းတိုင်သန့်ရှင်းဖို့ လာခေါ်တာဖြစ်ပေမည်။

ဒဏ်ရာဟောင်း || ဘာသာပြန် || 『Completed 』Where stories live. Discover now