Warning / Mature Contents
အခန်း၇ - ဆရာကပြောတယ် ; သူ ကိတ်တွေလုပ်တာက သူမိန်းမက စားရတာကြိုက်တာကြောင့်တဲ့။ပြီးတော့ သူက ဝိုင်ကြိုက်တယ်၊ တကယ့်ကိုအားကျစရာကောင်းတာပဲ။
——————————————————
" ကျွန်တော်တို့ လမ်းမခွဲလို့မရဘူးလားဟင်? " ငိုသံက ပြတ်တောင်းပြတ်တောင်းဖြစ်နေပြီး အသံပိုင်ရှင်ဟာလည်းစိတ်ထက်သန်စွာ သူရဲ့အယူခံကို ဖော်ပြနေသည်။ " ကျွန်တော် နာခံပါ့မယ်။ပြီးတော့ ဘယ်တော့မှလဲ ပြဿနာမလုပ်ပါဘူး။ကျွန်တော်ဘာမှမလိုချင်ဘူး... ဒီတိုင်း မင်းဘေးမှာ နေချင်ရုံလေးပါ။... ဒ်ီနည်းနဲ့ဆို အဆင်မပြေနိုင်ဘူးလား? "
နင်းယွိ နံရံကို မှီလိုက်၍ထွက်သွားဖို့ သင့်တော်မယ့် နောက်တချိန်ကို စောင့်ဖို့ ပြင်လိုက်သည်။
အနေတော်အပူချိန်နှင့် ညလေညှင်းက တံခါးပေါက်ကျဉ်းကျဉ်းမှ ဖြတ်၍ ဖြည်းဖြည်းချင်း တိုက်ခတ်လာခဲ့သည်။ ဒါကတောင်ရဲ့ အနက်ဆုံးပိုင်းမှာ တည်ရှိနေသလိုပင်။ လတ်ဆတ်တဲ့ မြက်နံ့နဲ့ သစ်ပင်နံ့လေးတွေသယ်ဆောင်လာတဲ့ လေက နင်းယွိအား ငိုက်မျဉ်းစေပါ၏။
" ဘာမှမလိုချင်ဘူး? ငါက အဲ့ဒါကို ယုံမယ်လို့ မင်းထင်နေတာလား? " စုန့်ပေါလောင်ရဲ့ အပြုံးတစ်ချက်နဲ့ အဆုံးသတ်စကားဟာ ကျူလီရဲ့ရှေးcelloကိုပင် အမှတ်ရသွားစေသည်။ ယင်းက သာယာနာပျော်ဖွယ်အသံနှင့် အဖိုးတန်လွန်းလှ၏။
ကျူလီမရှိတုန်း နင်းယွိ နှစ်ခေါက်လောက် တိတ်တိတ်လေး မကလိရမနေနိုင်ဖြစ်တုန်းက အသံမှာ အရမ်းထူးဆန်းပြီး နင်းယွိလက်ချောင်းဖျားများမှာ ကြိုးတုန်ခါမှုကြောင့် ယားကျိကျိဖြစ်လာရသည်။ စုန့်ပေါလောင်လဲ ထိုအတိုင်းပါပဲ၊ သူသဘောမတွေ့တဲ့လူတွေနဲ့ စကားပြောသောအခါ နားထောင်ရခက်ပြီး ၊ သူအာရုံမထားတော့တာနှင့် ဖြတ်ပစ်ခံရလိမ့်မည်ပင်။
" အရင်ဆုံး ငါတို့က စုံတွဲမဟုတ်ဘူး။ မင်းကငါ့ကိုချစ်လို့ ငါက စာချုပ်တစ်ခုလိုချင်ခဲ့တယ်။ငါက ဘယ်တုန်းကမှ ရင်းနှီးဖော်ရွေသလို မလုပ်ခဲ့လို့ မင်း ငါ့ကို ချစ်နေသလိုပုံစံ လုပ်ပြစရာမလိုဘူး "
YOU ARE READING
ဒဏ်ရာဟောင်း || ဘာသာပြန် || 『Completed 』
Romance" အကယ်၍ မင်း တစ်ခုခုကို အမှားလုပ်မိခဲ့ပြီဆိုရင်၊အကျိုးဆက်တွေကို ရင်ဆိုင်ဖို့လိုတယ်။ ဒါကြောင့် ငါက တစ်ဘဝစာလုံး ကံအကြောင်းမလှဖို့ရာ ပြင်ဆင်ခဲ့ပြီးပြီ။ " စုန့်ပေါလောင် x နင်းယွီ