40

9.6K 1.1K 36
                                    

ဒီနေ့ လူကြီးမင်းတစ်ယောက်က အပြုံးလေးနဲ့ ကျွန်တော့်ကိုလာမေးတယ်။ သူက အချိုပွဲနယ်ပယ်ထဲက ဘာမှမဟုတ်ပေမယ့် ချစ်စရာကောင်းတဲ့လူကိုသိလားတဲ့​။ကျွန်တော် မသိဘူး ပြောလိုက်တဲ့အခါ သူက " မာကာရွန် " လို့ပြောတယ်။

~~~~~~~~~~~~~~~~~~~~~~~~

ချန်ရှင်းဇယ်နဲ့ ကွာရှင်းပြီးနောက် ရှန်းဖျင်ရဲ့ပိုင်ဆိုင်မှုတချို့ကို ခွဲပြီးတာနှင့် သူ နင်းယွီနဲ့ အထောက်အပံ့တို့ကို ပေးချေရမည်ငွေမှာ နည်းနည်းမဟုတ်ပေ။ သူဟာ ရွှီမေ့ရန်ကို လေလံတင်၍ ငွေရှာရုံမှတပါး ရွေးစရာမရှိတော့​၏။

လျန်ချိူးယန်ကတော့ နောက်ဆုံး ဝေဖန်သည်။ " တန်တယ်! တန်တယ်။ "

ရှန်းဖျင်က ရွှီမေ့ရန်ကိုလေလံဆွဲသည့်အကြောင်း ပြောပြီးနောက် သူက ကျူမိသားစုနဲ့ ရွမ်မိသားစုအကြောင်း နင်းယွီကိုမေးလာပြန်သည်။

ဝူချန့်ကောင်လေးကို လုသွားတဲ့လူက ကျူလီဖြစ်နေမယ်လို့ သူမမျှော်လင့်ထားသလို နင်းယွီမှာ ဒီလောက် အစွမ်းထက်သည့် လင်ပါအစ်ကိုရှိနေတာကိုလဲ သူ မမြင်နိုင်ခဲ့။

ကျူလီက အမြဲတစေ အစွမ်းကြီးခဲ့ကြောင်းကို သူမသိခဲ့တာဖြစ်​၏။ သူရဲ့ပြိုင်ဘက်ကင်းစွမ်းရည်တွေဟာ လူအများကိုလှည့်စားဖို့ဖြစ်သည်။

နင်းယွီသည်လည်း ဒါကြောင့် ခံစားဖူးပြီးပြီ။

အတင်းပြောပြီးမှ လျန်ချိူးယန်လည်း နည်းနည်းစိတ်ပူသွား​၏။ " ဒါပေမယ့် မုန့်ပိုင်နဲ့ ငါ ဒီအကြောင်းပြောဖြစ်သေးတယ်။သူမက ရွမ်မိသားစုနဲ့ ရှရှန်းက ပြိုင်ဘက်ဆက်ဆံရေးလို့ ပြောတယ်။ အခု ကျူလီနဲ့ရွမ်သခင်လေးက တစ်ယောက်ကိုတစ်ယောက် အမှတ်အသားလုပ်လိုက်ပြီ ဆိုတော့ မင်း စုန့်ပေါလောင်နဲ့ အတူရှိဖို့ ခက်လာမှာလား? "

နေဖို့ ခက်မှာမဟုတ်ပါ။ ဘာပဲဖြစ်ဖြစ် နေဖို့လဲ လွယ်သည်မှမဟုတ်ပဲ။ ဒါက စုန့်ပေါလောင် ဘာတွေစီစဉ်ထားလဲဆိုတဲ့သဲလွန်စ မသိသည့် ကွာရှင်းဖို့ နှောင့်နှေးနေခြင်းသာဖြစ်​၏။

နင်းယွီက စုန့်မော့ကို တောင်အောက်ခေါ်သွားလိုက်သည်။ ကွာရှင်းဖို့ကိစ္စက ပြောရတာ မလွယ်တာကြောင့် " အဆင်ပြေတယ် " ဆိုတဲ့ စကားကိုသာ ယောင်ဝါးဝါးဖြေရင်း နောက်အကြောင်းအရာတစ်ခုကို အမြန်စလိုက်သည်။

ဒဏ်ရာဟောင်း || ဘာသာပြန် || 『Completed 』Où les histoires vivent. Découvrez maintenant