လျန်ချိူးယန်က လတ်တလော " မျက်နှာနှစ်ဖက် " တွေ ခေတ်စားနေတယ်လို့ပြောပြီး သူလဲ လုပ်ကြည့်ချင်တယ်လို့ ပြောလာတယ်။ ကျွန်တော် မသိလိုက်မသိဘာသာနဲ့ စိတ်ထဲမှာ တစ်စုံတစ်ယောက်ရဲ့ ပုံရိပ်ပေါ်လာခဲ့ပြီး ကျွန်တော့်ကို ဥပမာအလားပေးခဲ့တဲ့ လူပုံရိပ်တွေကို မြင်လာရတယ်။ ဒါက တကယ့်ကို အဲ့လို သေနေတဲ့ သွင်ပြင်ပဲ။
~~~~~~~~~~~~
တောင်ပေါ်မှာ နင်းယွိတို့ အိမ်အပြင် သက်တမ်းဘယ်လောက်ရှိမှန်းမသိတဲ့ ဘုရားကျောင်းလေးတစ်ကျောင်းရှိသေးသည်။
ဘုရားကျောင်းလေးအပြင် အနီးတစ်ဝိုက်မှာလဲ စမ်းချောင်းအသေးလေးရှိ၏။ တိမ်ပြီးကြည်လင်လှတဲ့ စမ်းချောင်းလေးက လူကြီးတွေရဲ့ ခြေဖမိုးမြှုပ်ရုံသာရှိပြီး အောက်ခြေဖက်မှာ အရောင်စုံ ကျောက်စရစ်ခဲလေးတွေလဲရှိသေးသည်။ရာသီဥတုကောင်းမွန်တဲ့အခါ စမ်းချောင်းရေပြင်က တလက်လက်ထနေပြီး ရေထဲကို ဖောက်ထွင်းကာ ကျောက်ခဲတို့ကလဲကျောက်မျက်ရတနာလေးတွေလို တောက်ပနေတတ်၏။
နောက်ဆုံးတစ်ခေါက် စုန့်မော့ရဲ့ လေ့လာရေးအတန်းအိမ်စာကို ဆရာက ချီးကျူးခဲ့သည်။သူလဲ အရမ်းကို ပျော်နေခဲ့၏။ ဒီတစ်ခါမှာတော့ ဆရာက သူ့ကို ကျောက်ခဲလှလှလေးတစ်လုံးကောက်ခိုင်းခဲ့တာကြောင့် သူက နင်းယွိ့ကို စမ်းချောင်းဆီ ဆွဲခေါ်လာခဲ့တာပင်။
မိုးတွင်းစီး ဘွတ်ရှုးလေးနဲ့ သူက စမ်းချောင်းထဲကို နှစ်လိုက်ပြီး " လှတယ် " လို့ခေါ်မယ့် ကျောက်ခဲလေးတွေကိုသေသေချာချာ ငုံ့ရှာတော့သည်။
နင်းယွိ သူ့နောက်မှ လိုက်ပါရင်း အရည်ကောင်းတဲ့ ကျောက်စရစ်လေးတစ်လုံးကိုမြင်သော် ကောက်၍ သူ့သဘောကို မေးကြည့်လိုက်၏။ " မော့မော့... ဒီတစ်ခုရော? "
မိမိလက်ထဲက တစ်ခုမှာ ပယင်းဖြစ်ပြီး နေရောင်ထဲမှာဖောက်ထွင်းမြင်နေရကာ ကျောက်စိမ်းအလား အတော်လှပလေသည်။
စုန့်မော့က နင်းယွိလက်ထဲက ကျောက်တုံးလေးကို လည်ပြန်ကြည့်၍ ခေါင်းယမ်းလာသည်။ မကျေမနပ်ဖြစ်နေတာ သိသိသာသာ။
YOU ARE READING
ဒဏ်ရာဟောင်း || ဘာသာပြန် || 『Completed 』
Romance" အကယ်၍ မင်း တစ်ခုခုကို အမှားလုပ်မိခဲ့ပြီဆိုရင်၊အကျိုးဆက်တွေကို ရင်ဆိုင်ဖို့လိုတယ်။ ဒါကြောင့် ငါက တစ်ဘဝစာလုံး ကံအကြောင်းမလှဖို့ရာ ပြင်ဆင်ခဲ့ပြီးပြီ။ " စုန့်ပေါလောင် x နင်းယွီ