အခန်း၁၄ ; " အစ်ကို " ဆိုတာက ကျွန်တော့်ဘဝမှာ အကြီးဆုံး အရိပ်မည်း။
______________________________
မနက်ခင်းအစော၌ တောထဲက ငှက်တွေက နင်းယွိကို ကျီကျီကျာကျာအသံပေး၍ လာနှိုးကြသည်။ တကျီကျီအသံတွေကနင်းယွိရဲ့ ဘေးနားကိုရောက်လာသကဲ့သို့ ခေါင်းပင်ကိုက်လာရ၏။
တောအုပ်က ကြီးတဲ့အခါ ငှက်မျိူးကလဲ တကယ်စုံလင်သည်။ နင်းယွိ မနေ့က ပြတင်းပိတ်ခဲ့တာကို အမှတ်ရပါရက်၊ ဘာလို့အခု တအားဆူနေသလဲ?
နင်းယွိ မျက်လုံးဖွင့်ဖို့ ကြိုးစားလိုက်သော် မဲမှောင်နေသော အိပ်ခန်းထဲဝယ် အိပ်ရာကြီး၏ မျက်နှာချင်းဆိုင်ထောင့်၌လိုက်ကာက ဟ,နေခဲ့၏။ တစ်လက်လက်ထနေသော နေရောင်က ပွင့်နေသည့်ပြတင်းပေါက်ထဲကို တိုးဝင်လာရာကော်ဇောပေါ်မှာ အလင်းပျောက်အဖြစ် ဖြာထွက်နေခဲ့သည်။
မနက်ခင်းလေက မှန်ပြတင်းကိုတိုက်ခတ်နေသဖြင့် လွင့်လိုက် ပြန်ကျလိုက်နှင့်။ ထို့အပြင် တောက်ပနေသည့် နေရောင်နောက်မှာ ထိုင်နေသည့်လူတစ်ယောက်ရှိတာကို နင်းယွိ သတိပြုလိုက်မိသည်။
နင်းယွိ ကြောက်လန့်တကြား အိပ်ရာပေါ်မှ ခုန်ထလိုက်မိပြီး မျက်လုံးတွေကို အမှောင်နဲ့အသားကျအောင်စောင့်လိုက်မိလျှင် တစ်ဖက်လူရဲ့ ရင်းနှီးတဲ့ မျက်နှာသွင်ပြင်ကို မြင်လိုက်ရသည်။ နင်းယွိ ပုခုံးတွေလျှောထားလျက် တောင့်တင်းသွားတာကို ဖြေလျှော့မိ၏။
" ဘယ်... ဘယ်အချိန်က ပြန်ရောက်တာလဲ? "
နင်းယွိ နိုးလာတာကိုမြင်သော် စုန့်ပေါလောင်က သူ့ဘေးရှိ ရမုဒ်ကွန်ထရိုးကို ဖိလိုက်သည်။သူ ရွှေ့လိုက်သလို လိုက်ကာတွေက နှစ်ဖက်လုံး ဖြည်းဖြည်းချင်း ပွင့်လာ၏။
" နာရီဝက်လောက်က။ "
အလင်းထဲတွင် သေပြီးသားဗန်ပိုင်းယားတစ်ကောင်လို နင်းယွိ နေရောင်ကို လက်ဆန့်ကာလိုက်မိပြီး နေရောင်နဲ့ အပြည့်အဝအသားကျသွားအောင် အကြိမ်နည်းနည်းလောက်မျက်တောင်ခတ်လိုက်မိသည်။
VOUS LISEZ
ဒဏ်ရာဟောင်း || ဘာသာပြန် || 『Completed 』
Roman d'amour" အကယ်၍ မင်း တစ်ခုခုကို အမှားလုပ်မိခဲ့ပြီဆိုရင်၊အကျိုးဆက်တွေကို ရင်ဆိုင်ဖို့လိုတယ်။ ဒါကြောင့် ငါက တစ်ဘဝစာလုံး ကံအကြောင်းမလှဖို့ရာ ပြင်ဆင်ခဲ့ပြီးပြီ။ " စုန့်ပေါလောင် x နင်းယွီ