အခန်း ၅ - အကယ်၍ မင်း တစ်ခုခုမှားလုပ်မိပြီဆို နောက်ဆက်တွဲဆိုးကျိုးတွေကို ခံနိုင်ရည်ရှိစေဖို့ သတ္တိရှိမှရမယ်၊ ဒါကြောင့်မို့ ကျွန်တော်လဲ တစ်သက်တာ ကံဆိုးမိုးမှောင်ကျတာအတွက်ပြင်ဆင်ထားပြီးပြီ ။
___________________________________
စိတ်အနှောက်အယှက်စရာ တိတ်ဆိတ်နေမှုအတွင်း စုန့်ပေါလောင်ရဲ့ ပျင်းရိသည့် အသံက ထပ်ထွက်လာခဲ့၏။
" မင်းရဲ့ မြူဆွယ်တဲ့စွမ်းရည်တွေက အရမ်းကိုဆိုးဝါးနေတယ်၊ မဟုတ်ဘူးလား? "
နင်းယွိ တောင့်သွားရပြီး သူ့လက်မောင်းထဲမှ မော့ကြည့်မိသော် သူရဲ့ ငုံ့ကျလာသော မျက်ဝန်းများဖြင့် ဆုံလိုက်ရလေသည်။
သူ့ သူငယ်အိမ်တွေက မှင်လို နက်မှောင်နေပြီး မျက်နှာ အစိတ်အပိုင်းတို့ဟာလဲ မီးရောင်မှိန်မှိန်အောက်ဝယ် နက်မှောင်၍နွေးထွေးခြင်း အလျဉ်းကင်းသည်။
" မင်းကိုယ်မင်း ထိုးအပ်ဖို့ မစောင့်နိုင်တော့ဘူးလား? " သူ ပြောလာချိန်၌ နှုတ်ခမ်းပါးဟာ အနည်းငယ်မျှ လန်တက်သွားသည့်တိုင် ဖော်ရွေသည့်အကွေ့အဝိုက်တစ်ခုလို့တော့ မဆိုလိုပါချေ ။
သူက နင်းယွိ ရည်ရွယ်ချက်ရှိရှိနဲ့ သူကို ဖက်တွယ်ဖို့ ပြုတ်ကျလာတယ်လို့ တွေးထားတာပင်။ ဒီလူက စိတ်ဓာတ်ပိုင်း မကောင်းလှပေမယ့် သူ၏ ခန့်မှန်းနိုင်ခြေကတော့ ကောင်းလှပါ၏။
" မဟုတ်ဘူး ..." နင်းယွိ အမြန်ပင် သူ့ထွေးပွေ့မှုမှ ရုန်းထွက်လိုက်ကာ အနောက်ကို နည်းနည်းယို့၍ သူနဲ့ လက်တစ်ကမ်းအကွာမှာ ရပ်လိုက်သည်။
နင်းယွိ ကော်ဇောပေါ်က မပြတ်သားသည့်အစက်အပြောက်တွေကို စိုက်ကြည့်လိုက်ရင်း အားလျော့စွာ မိမိကိုယ်ကို ခုခံလိုက်၏။ " ငါတကယ် လဲကျသွားတာပါ "
သူဟာ နင်းယွိကို ရယ်ဖို့ အခုထိတိုင်ခက်နေသေးသည့်နှယ် နှာခေါင်းပေါက်မှ မထီမဲ့မြင်ဟန်ဖြင့် အေးစက်စွာ နှာမှုတ်ထုတ်လိုက်၏။ နင်းယွိ မျက်လုံးစွန်းမှသည် သူ့အင်္ကျီပေါ်မှာ ချန်ခဲ့မ်ိတဲ့ မြင်မကောင်းသောခေါက်ရာတွေကို ပွတ်ချသည့်နှယ် သူ့ရှပ်အင်္ကျီကို ဆတ်ခနဲ့သုတ်ပစ်၏။
YOU ARE READING
ဒဏ်ရာဟောင်း || ဘာသာပြန် || 『Completed 』
Romance" အကယ်၍ မင်း တစ်ခုခုကို အမှားလုပ်မိခဲ့ပြီဆိုရင်၊အကျိုးဆက်တွေကို ရင်ဆိုင်ဖို့လိုတယ်။ ဒါကြောင့် ငါက တစ်ဘဝစာလုံး ကံအကြောင်းမလှဖို့ရာ ပြင်ဆင်ခဲ့ပြီးပြီ။ " စုန့်ပေါလောင် x နင်းယွီ