အခန်း ၁၇ ; တစ်ခါမှ ဝမ်းမနည်းဘူးလား? ဒါမှမဟုတ် ဆုံးရှူံးဖို့ ပိုပြီး စိတ်ပျက်စရာတောင် ကောင်းနေတာလား?
_____________
သူထပ်ပြီး လမ်းလျှောက်နိုင်ဦးမယ်လို့ နင်းယွိမထင်တော့သဖြင့် အမြန်သွားကူပေးလိုက်သည်။ နင်းယွိလက်ဆန့်လိုက်သည်နှင့် သူက လက်ကိုမထိလာပါပဲ မျက်လုံးတို့က နေရာမှာတင် ငွေ့ရည်ဖွဲ့လျက်။
" ငါ့ကိုလာမထိနဲ့။ "
စင်္ကြံ တစ်ဖက်ခြမ်းရှိ မှန်ပြတင်းမှလာသော လရောင်ဟာ ဖြာထွက်၍ ဆီးနှင်းခဲများလို သူ့မျက်လုံးတွေထဲကို ကျဆင်းသွားသည်။ နင်းယွိမှာမိမိလက်ချောင်းများအား မီးဟပ်ခံလိုက်ရသကဲ့သို့ မသိလိုက်မသိဘာသာနဲ့ ကွေးကာ နောက်ပင်ဆုတ်မိသွား၏။
သူက နံရံဖြင့် ယိမ်းထိုး၍ တစ်လှမ်းပင် မရပ်ပဲ အရှေ့ကို ဆက်လျှောက်သည်။ အသက်ကို သတိတထားနှင့် ခက်ခက်ခဲခဲရှုနေရသည်မှာ နင်းယွိလို အကြားအာရုံမကောင်းသည့် Betaကပင် ရှင်းရှင်းလင်းလင်း ကြားနိုင်နေခဲ့သည်။
စုန့်ပေါလောင်၏ခေါင်းမာသည့် ကျောပြင်ကြီးကို ကြည့်ရင်း နင်းယွိ အံကြိတ်လိုက်မိသည်။ ၎င်းနောက် သူ့မျက်နှာကို မကြည့်ပဲ အမြန်အမှီလိုက်လာပြီး သူ့ကိုတွဲ၍ အိပ်ခန်းဆီကို လျှောက်လိုက်သည်။
" မင်း လွှတ်စမ်း... " သူက ရုန်းထွက်ချင်လာသည်။ အရမ်းနာကျင်နေသည့်တိုင် နင်းယွိထံမှ အကူအညီယူလိုစိတ်မရှိနေပေ။
သူ အိပ်ခန်းထဲကို ဝင်လာမှ နောက်ဆုံး အားအနည်းငယ်ကို စု၍ နင်းယွိကို အဝေးတွန်းထုတ်လိုက်လေသည်။
ထိရိုက်သံဖြင့် နင်းယွိက ကျောပြင်နှင့် တံခါး ရိုက်ကျသွားရ၏။ နင်းယွိ ဘယ်လောက်ပဲ စိတ်ရှည်နေပါစေ၊ သူရဲ့မသိတတ်နားမလည်တတ်ခြင်းများကြောင့် ဖတ်ဖတ်မောသွားပြီပင်။
" ဒီအချိန်လေးဖြစ်ဖြစ်တော့ မင်းငါ့ကို ဒေါသမထွက်ပဲနေလို့မရဘူးလား? " နင်းယွိ အသံကျယ်ကြီးနဲ့ ပြောလိုက်၏။ " မင်းအသက်ဘယ်လောက်လဲ? ဘယ်အချိန်မှာ ဘာလုပ်ရမယ်ဆိုတာကို မပြောနိုင်သေးဘူး! "
ESTÁS LEYENDO
ဒဏ်ရာဟောင်း || ဘာသာပြန် || 『Completed 』
Romance" အကယ်၍ မင်း တစ်ခုခုကို အမှားလုပ်မိခဲ့ပြီဆိုရင်၊အကျိုးဆက်တွေကို ရင်ဆိုင်ဖို့လိုတယ်။ ဒါကြောင့် ငါက တစ်ဘဝစာလုံး ကံအကြောင်းမလှဖို့ရာ ပြင်ဆင်ခဲ့ပြီးပြီ။ " စုန့်ပေါလောင် x နင်းယွီ