အကျိုးအမြတ်အတွက်ဆို လူတွေက သရဲလဲဖြစ်နိုင်သလို ဇာတ်တူသားလဲစားနိူင်တယ် ။
_____________________________
လော့ချင်ဟယ့်တက်လာချိန်မှာ နင်းယွီက စုန့်ပေါလောင် သွေးထွက်နေတာတွေ တားဖို့ကြိုးစားနေတာပင်။ တိုက်ပွဲအခြေအနေကို မြင်လိုက်သည်နှင့် သူ့မျက်နှာက အနည်းငယ် ပြောင်းလဲသွား၏။
သူက ဒူးထောက်၍ ရှဟွိုက်နန်၏သွေးခုန်နှုန်းကို စမ်းကြည့်လိုက်ပြီး သူအဆင်ပြေကြောင်းသိသွားလျှင် လျစ်လျူရှုလိုက်ကာ စုန့်ပေါလောင်ကို ဘယ်လိုနေသလဲ မေးမြန်းခဲ့သည်။
" ထနိုင်လား? "
စုန့်ပေါလောင် နှုတ်ခမ်းတွေက ဖျော့တော့နေပြီး သူက သူ့ကို တစ်ချက်ကြည့်ကာ မတ်မတ်ထရပ်လိုက်သည်။
လက်ကိုင်ပဝါက တစ်ထည်လုံးရွှဲနစ်နေခဲ့ပြီး သွေးတွေက နင်းယွီလက်ဖျားမှ တစက်စက်ကျလာသည်။ ဒီကြိုးပမ်းမှုသေးသေးလေးက အာနိသင်မရှိဟန်တူသည်။
" ဖြည်းဖြည်း " သူ့လှုပ်ရှားမှုတွေကြောင့် နင်းယွီလက် နည်းနည်းလျော့သွားလိုက်လျှင် သွေးတွေက ချက်ချင်းလျှံကျအောင်စီးလာသလို ခံစားရသည်။
လော့ချင်ဟယ့်က အိပ်ရာဆီသွား၍ အိပ်ရာခင်းကိုမ,ယူကာ တစ်ပိုင်းစုတ်လိုက်ပြီး ပြန်လှည့်လာ၏။
စုန့်ပေါလောင်က သူဆီက အိပ်ရာခင်းစကိုယူလိုက်ပြီး သူ့ဒဏ်ရာကို လက်တစ်ဖက်နဲ့ ဖိထားလိုက်သည်။
နင်းယွီတို့သုံးယောက် အောက်ထပ်ဆင်းလာချိန်၌ လော့ချင်ဟယ့်၏ သက်တော်စောင့်များက ရှမိသားစုက သက်တော်စောင့်တွေကို ထိန်းချုပ်ပြီးဖြစ်သည်။ တောက်ဘုန်းကြီးဝေ့ကျင်က အဖိုးကြီးရှနှင့် သက်လတ်ပိုင်းအရွယ်လူတို့အား ဆိုဖာပေါ်မှာ ဖိချထား၏။ သူတို့မျက်နှာတွေမှာ ဒေါသဝင့်နေသည့်တိုင် စကားမပြောဝံ့ကြ။
သူတို့တွေ နင်းယွီတို့ကိုမြင်လိုက်တဲ့အခါ ပထမတော့ မှင်သက်သွားကြပြီး စုန့်ပေါလောင်အား မယုံကြည်နိုင်ခြင်းများဖြင့်စိုက်ကြည့်နေခဲ့ကြသည်။
သက်လက်ပိုင်းအရွယ်လူက စိုးရိမ်တကြီးဖြင့်ပြောလာသည်။ " သူ့ဘာသာသူလုပ်တာနော်၊ ဒါ ငါတို့နဲ့ဘာမှ မဆိုင်ဘူး! "
BẠN ĐANG ĐỌC
ဒဏ်ရာဟောင်း || ဘာသာပြန် || 『Completed 』
Lãng mạn" အကယ်၍ မင်း တစ်ခုခုကို အမှားလုပ်မိခဲ့ပြီဆိုရင်၊အကျိုးဆက်တွေကို ရင်ဆိုင်ဖို့လိုတယ်။ ဒါကြောင့် ငါက တစ်ဘဝစာလုံး ကံအကြောင်းမလှဖို့ရာ ပြင်ဆင်ခဲ့ပြီးပြီ။ " စုန့်ပေါလောင် x နင်းယွီ