ဘဝဆိုတာက ဒုက္ခတွေရဲ့ ပေါင်းစည်းခြင်းဆိုပါလျှင် ကျွန်တော့်ရဲ့ ဒုက္ခတွေက ဆက်တိုက်ဖြစ်သလို ဖြစ်လောက်မည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~
စုန့်ပေါလောင်ဟာ နာရီဝက်အတွင်း မြို့တော်ကနေ အပြေးရောက်လာသည်။ ကားက ဂိတ်ပေါက်မှ မောင်းနှင်လာခဲ့ပြီးဘရိတ်ကို အကျယ်ကြီးအုပ်လိုက်ခြင်းက အပေါ်ထပ်ကပင် ကြားရ၏။
သူက နင်းယွီအခန်းထဲကို ဟောဟဲလိုက်၍ ဝင်လာပြီး " ပစ္စည်း ဘယ်မှာလဲ? "
နင်းယွီ အမြန်ပင် Driveပြားလေးကို ထုတ်ပြီး ကမ်းပေးလိုက်သည်။ " ဒီမှာ။ "
သူက ပစ္စည်းကို မြန်မြန်ယူလိုက်ပေမယ့် သတိတထားဖြစ်သွားပြီး
" မင်းကြည့်ပြီးပြီလား? " သူကမေး၏။
အမေးခံလိုက်ရလျှင် နင်းယွီ အပြစ်ရှိစိတ်နည်းနည်းဝင်လာရ၏။ နင်းယွီလည်ပင်းလေးကျုံ့ရင်း " အရှေ့ပိုင်းနည်းနည်းပဲကြည့်လိုက်မိတာပါ။ ချောပို့က လက်ခံရမယ့်သူရဲ့နာမည်ကို မရေးထားခဲ့ဘူး။ အစတုန်းက ငါ့ဆီပို့တယ်ထင်လိုက်လို့....။ "
စုန့်ပေါလောင်က နင်းယွီအခန်းကို လှည့်ပတ်ကြည့်ပြီး အိပ်ရာပေါ်က လက်ပ်တော့ပ်ကို တွေ့သွား၏။ သူက လျှောက်သွားလိုက်ပြီး Driveပြားကို တပ်လိုက်သည်။
" ထွက်သွားပေး။ "
သူက မိမိကွန်ပျူတာကိုလဲဖွင့်သလို၊ မိမိအခန်းကိုပါ သိမ်းပြီး မိမိကို ခွေးတစ်ကောင်လို တွန်းပို့နေသလိုပင်။ မြင့်မြင့်ရပ်၍တဖက်သားကိုလျစ်လျူရှုတတ်ခြင်း။သူ့ရဲ့ အသေးစိတ်အပြုအမူတွေက ဘယ်လောက်လော့ချင်ဟယ့်နဲ့တူနေလဲ သူမသိ၊သူ ဘယ်တော့မှလဲ ဝန်ခံမှာမဟုတ်ပေမယ့်ပေါ့။
နင်းယွီက မလှုပ်လို့ဖြစ်နိုင်၏။ သူက မော့ကြည့်လာ၍ လသာဆောင်ကို လက်ညှိုးထိုးပြကာ " ထွက်သွားပြီး အဲ့မှာနေ။ "
ဗွီဒီယိုပါအကြောင်းအရာကလဲ ကိုယ်ရေးကိုယ်တာဖြစ်၍ တကယ်ပင် နင်းယွီရှိဖို့ မသင့်တော်တာကြောင့် လသာဆောင်ကိုသွားဖို့ ရွေးလိုက်တော့သည်။
ရာသီဥတုက ပူသည်ထက်ပူလာပြီး တောင်ပေါ်ကလဲ အပူဒဏ်ကို သယ်ဆောင်လာသေး၏။
YOU ARE READING
ဒဏ်ရာဟောင်း || ဘာသာပြန် || 『Completed 』
Romance" အကယ်၍ မင်း တစ်ခုခုကို အမှားလုပ်မိခဲ့ပြီဆိုရင်၊အကျိုးဆက်တွေကို ရင်ဆိုင်ဖို့လိုတယ်။ ဒါကြောင့် ငါက တစ်ဘဝစာလုံး ကံအကြောင်းမလှဖို့ရာ ပြင်ဆင်ခဲ့ပြီးပြီ။ " စုန့်ပေါလောင် x နင်းယွီ