12

8.8K 1.2K 29
                                    

အခန်း ၁၂ - ကျွန်တော်သာ Alphaတစ်ယောက်ဖြစ်ခဲ့မယ်ဆို၊ ကျွန်တော့်ဘဝ ပိုကောင်းလိမ့်မယ်လို့ တစ်ခါတုန်းက စဉ်းစားကြည့်ဖူးတယ်။ အဖြေကတော့ သက်သေပြစရာမလိုဘူး။

____________________________

စုန့်ပေါလောင်နဲ့ လော့ချင်ဟယ်တို့ဟာ အချင်းချင်း ရန်ဖြစ်ပြီး လမ်းခွဲလိုက်ကြ​၏။ နေ့တစ်ဝက်လွန်သော် လော့မုန့်ပိုင်ကလဲ ထွက်သွားခဲ့သည်။

ထိုကာလ၌ စုန့်မော့က စောင်ထဲမှာ ခွေနေပြီး အသံတိတ်နေခဲ့ကာ ပြေကျနေသော မျက်ခုံးနှင့်မျက်လုံးတို့က အလွန့်အလွန်စိတ်ဖိစီးနေပုံပေါ်ရှာ​၏။ သူသည်ကား ၅နှစ်အရွယ်ပဲ ရှိသေးသည့်တိုင် ကလေးတစ်ယောက် နားလည်သင့်သည်များကိုနားလည်နေချေပြီ။ နင်းယွိလည်း ကလေးဘဝတုန်းက ၄,၅နှစ်အရွယ် မှတ်ဉာဏ်တွေရှိသေးတုန်းဖြစ်ပြီး နင်းရှီရဲ့ ချစ်သူတွေအပေါ် ထင်မြင်ချက်တချို့ရှိခဲ့ဖူးလေသည်။ သူမမှာ တစ်ခါတုန်းက Alpha တွေထဲမှာ အရပ်သိပ်မရှည်ပဲ နည်းနည်းလဲဝတဲ့ ချစ်သူတစ်ယောက်ရှိဖူး​၏။ သို့ပေမယ့် သူကရယ်ရ၍ ဉာဏ်ရွှင်တာကြောင့် နင်းယွိကိုမြင်လေတိုင်း ခဏလောက် စနောက်တတ်လေသည်။

နင်းယွိ သူ့ကိုအရမ်းသဘောကျခဲ့သည်။ အမြဲတမ်း သူက နင်းယွိရဲ့ " ဒက်ဒီ " ဖြစ်လာဖို့ မျှော်လင့်စောင့်စားမိခဲ့သည်။နင်းယွိ အချိန်ရလေတိုင်း နင်းရှီကို သူတို့ ဘယ်ချိန်လက်ထပ်ကြမှာလဲ မေးဖြစ်​၏။ နင်းရှီက နင်းယွိရဲ့နှာခေါင်းကို စိတ်ဆိုးဆိုးနဲ့ ညှစ်ပြီး ကလေးတစ်ယောက်အဖြစ် ဆူပူခဲ့သည့်တိုင် သူမမျက်လုံးထဲက အပြုံးကိုတော့ ဖုံးကွယ်လို့မရပါချေ။ သူမပျော်နေသည်၊ နင်းယွိလဲ ထို့အတူပင်။ မှတ်ဉာဏ်တွေထဲမှာတော့ ၎င်းကနေ့တိုင်း နေသာခဲ့ချေပြီး မယုံကြည်နိုင်လောက်အောင် လှပခဲ့ပါ​၏။

သို့တိုင် တိမ်ညှို့သည်ကိုပြောင်းလဲသွားခဲ့ပြီး တစ်နေ့ အမျိူးသား​၏ဇနီးက အိမ်ရှေ့ရောက်လာခဲ့သည်။

နင်းယွိမှာ အခန်းထဲသော့ပိတ်ခံခဲ့ရ၍ အပြင်မထွက်နိုင်ခဲ့။ထို့ကြောင့် တံခါးကို အသဲအသန်ပုတ်ရုံသာတတ်နိုင်ခဲ့ပြီး အပြင်ဘက်တွင် နင်းရှီရဲ့ စူးရှလှသည့် အော်ဟစ်ဆဲရေးသံများဖြင့်။

ဒဏ်ရာဟောင်း || ဘာသာပြန် || 『Completed 』Where stories live. Discover now