လူယုတ်မာတွေက အရမ်းရွံဖို့ကောင်းတယ်။ နှစ်လိုဖွယ်ကောင်းတဲ့လူယုတ်မာတွေကဆို လူကို မသိလိုက်မသိဘာသာနဲ့လိုက်ပါလာအောင်လုပ်နိုင်တယ်။____________________________________
" ဂုဏ်ယူပါတယ်၊ c20 ဗိုင်းရပ်စ်ပိုးက ပေါက်ပွားတာလုံးဝရပ်သွားပြီ။မင်းခန္ဓာကိုယ်ထဲက ပဋိပစ္စည်းတွေကလဲ ဆက်မတိုက်တော့ပဲ ဆေးပညာရှု့ထောင်က လက္ခဏာတွေအားလုံး ပျောက်သွားခဲ့ပြီ " လော့မုန့်ပိုင်က နင်းယွီလက်ကိုယူပြီး အဖုလေးရှိတဲ့ လက်ဖျံ အရေပြားပိုင်းလေးအား သေချာလေ့လာကြည့်သည်။
သူမပြောသလိုပင် နင်းယွီ ခန္ဓာကိုယ်ပေါ်က အဖုနဲ့အင်ပျဉ်တို့ဟာ အဖုတွေဟာ တစ်ခါမှမဖြစ်ဖူးသလို ချောချောနေမွေ့မွေ့နဲ့သဘာဝအတိုင်း ပျောက်ကင်းသွားချေပြီ။
ငုပ်နေသော ဗိုင်းရပ်စ်ကို အသက်သွင်းလိုက်သည်နှင့် ၎င်းက အိမ်ရှင်ဆဲလ်တွေမှာ မြောက်မြားစွာပေါက်ပွားလာနိုင်ပြီးခုခံအားစနစ်မှသည် ရုတ်ရုတ်သဲသဲတိုက်ခိုက်မှုအဖြစ် ပြောင်းလဲသွားလေသည်။ " စတင်ကာလ " ကို ဝင်လာသည်နှင့်ခန္ဓာကိုယ်အတွင်းမှ ခုခံအားတိုက်ပွဲကြောင့် အိမ်ရှင်(ဆဲလ်)က လျင်မြန်စွာ လျော့ကျလာလိမ့်မည်ပင်။
သို့သော် နင်းယွီကတော့ မဖြစ်ခဲ့။ မိမိက ငုပ်နေတဲ့ဗိုင်းရပ်စ်ကို ယတိပြတ် မချေမှုန်းနိုင်သေးပေမယ့် ခုခံအားဟနစ်ကC20နဲ့ ညှိတဲ့အနေအထားကိုရောက်ရှိသွားပြီဖြစ်ပြီး ဟန်ချက်ညီတဲ့ အခြေအနေအတွင်းပြန်လည်ရောက်ရှိကာ မိမိခန္ဓာကိုယ်ကို ဝန်ပိုးမဖြစ်စေတော့ပေ။
" ဘယ်အချိန်လောက်ထိ (ကလေး) လွယ်ထားစေချင်တာလဲ? " တစ်ဖက်မှ စုန့်ပေါလောင်က သဘောမကျဟန်ဖြင့်, " မျိူးအောင်အိတ်ကျတော့ရော? ပြဿနာမရှိဘူးလား "
လော့မုန့်ပိုင်က မကျေမချမ်းဖြင့် နင်းယွီ လက်ကို ချလိုက်သည်။ " ဘာပြဿနာမှ မရှိပါဘူးဆို။ စိတ်အေးလက်အေးသာထား။ စိတ်မလှုပ်ရှားနဲ့၊အလုပ်အရမ်းမလုပ်နဲ့ ၊နောက်လအထိ အေးအေးဆေးဆေးခံတယ်။ ဒါပေမယ့် ၃၀ပတ်မတိုင်ခင် ခွဲမွေးဖို့ ငါအကြံပေးချင်တယ်။ ကလေးရော ရှောင်ယွီပါ ဘေးကင်းအောင်လေ "
ESTÁS LEYENDO
ဒဏ်ရာဟောင်း || ဘာသာပြန် || 『Completed 』
Romance" အကယ်၍ မင်း တစ်ခုခုကို အမှားလုပ်မိခဲ့ပြီဆိုရင်၊အကျိုးဆက်တွေကို ရင်ဆိုင်ဖို့လိုတယ်။ ဒါကြောင့် ငါက တစ်ဘဝစာလုံး ကံအကြောင်းမလှဖို့ရာ ပြင်ဆင်ခဲ့ပြီးပြီ။ " စုန့်ပေါလောင် x နင်းယွီ