52

11.2K 1.2K 27
                                    

သာမန်ညောင်ညဘဝ ၊ တိတ်တဆိတ် သေဆုံး။

~~~~~~~~~~~~~~~~~~~~~~~~~~~~~

လေယာဉ်က ရှန်းတန်ကိုဆိုက်သည်နှင့် စုန့်ပေါလောင်က ချက်ချင်း ယန်ဟယ့်ဆေးရုံကို ခေါ်သွားခဲ့ပြီး လော့မုန့်ပိုင်ကိုယ်တိုင် ရောက်လာခဲ့သည်။

၎င်းနောက် တစ်နေကုန်လုံး ဆေးစစ်ခဲ့ရ​၏။ မနက်ကနေ နေ့လယ်အထိ နင်းယွီ တွန်းပို့ခံနေရကာ အားချိန်ပင် မရှိ။ညနေခင်းမှာတော့ လော့မုန့်ပိုင်က စစ်ဆေးချက်အားလုံး အကျဉ်းရုံးဖြင့် လူနာဆောင်ထဲ ရောက်လာခဲ့ပြီး တွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေသော စုန့်ပေါလောင်က အနောက်မှ ပါလာ​၏။

သူတို့ဝင်လာခဲ့သော် နင်းယွီက စုန့်ရှောင်းနဲ့စကားပြောနေတာဖြစ်ပြီး လှုပ်ရှားမှုကို ကြားရလျှင် နှစ်ယောက်လုံးတပြိုင်နက် တံခါးကို ကြည့်လိုက်ကြပြီး စကားပြောတာလဲ ရပ်သွားသည်။

" နေရတာ ပိုကောင်းလာပြီလား? " လော့မုန့်ပိုင်ရဲ့ အသံက ညင်သာပြီး အဖြူကုတ်ကလဲ တဖျတ်ဖျတ်လှုပ်နေတာကြောင့်စီရင်ချက်ဖတ်ပြတော့မယ့် ကောင်းကင်ဘုံက သေမင်းတစ်ပါးလိုပင်။ သူမရဲ့ နူးညံ့ညင်သာမှုကြောင့်နဲ့ မိမိလည်ပင်းပေါ်ကျလာတဲ့ တံစဉ်းက မဆိုင်းနေခဲ့ပါ။

" ကောင်းလာပါပြီ။ " ဒီနေ့မှာ နင်းယွီ နှာခေါင်းသွေးယိုတာလဲမရှိသလို အန်တာလဲ မရှိ။ အဖျားသွေးလေးသာရှိ​၏။

သူမက ကုတင်ဘေးမှာ ထိုင်ပြီး မျက်လုံးတွေက စိတ်မကောင်းသယောင်ဖြစ်လာ၍ ခဏ တုံ့ဆိုင်းနေပြီးမှ ပြောလာသည်။" ကျွန်မတောင်းပန်ပါတယ်... ရှောင်ယွီ ... "

ထိုအခိုက် သူမ ထပ်ပြောလာမယ့်အကြောင်းကို နင်းယွီသဘောပေါက်လိုက်ပြီပင်။ မိမိမှာ c20 ဖြစ်ပွားနိုင်တယ်လို့ သိလိုက်ရကတည်းက အဆိုးဆုံးအတွက်ပြင်ဆင်ထားပြီးသားဖြစ်သည်။

" resultက တကယ် c20 လို့ပြနေတယ်။ "

နင်းယွီ နားလည်ကြောင်း ခေါင်းညိတ်ပြလိုက်ပြီး " တစ်နည်းပြောရင် ကျွန်တော့်မှာ လနည်းနည်းပဲ ကျန်တော့တယ်.... မလား? "

C20 ဖြစ်ပွားမှုက မြန်ဆန်ပြီး နဂိုအတိုင်း ပြန်မကောင်းနိုင်ပေ။ ရက်သတ္တပတ်အနည်းငယ်အတွင်း၊လအနည်းငယ်အတွင်းဗိုင်းရပ်စ်ပိုးကြောင့် လူ့ခန္ဓာကိုယ်က တစ်စနှင့်တစ်စ အသက်ဆုံးရလိမ့်မည်။

ဒဏ်ရာဟောင်း || ဘာသာပြန် || 『Completed 』Où les histoires vivent. Découvrez maintenant