37

8.8K 1.2K 49
                                    


ထိကရုန်းပင်ရဲ့ ပန်းဘာသာစကားက နောင်တ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~

နင်းယွီ အပြင်ဘက်မှာ ခဏလောက် နေဆာလှုံလိုက်သည်။ ကိုယ်ခန္ဓာက သိပ်မအေးတော့သောအခါမှ ဘေးမှာ ပန်းပြင်ကြီးနဲ့ ထရပ်လိုက်မိ​၏။ ထိုအခိုက် ပြဇာတ်ရုံကလဲ ပြီးသွားခဲ့ရာ အန်တီကျိူးက စုန့်မော့ကို ချီ၍ လူအုပ်ကြီးနှင့်ထွက်လာခဲ့ကာ နင်းယွီကို မြင်လျှင် အမြန်ရောက်လာခဲ့သည်။

" မင်းပြန်မလာလို့။ တစ်ခုခုဖြစ်ပြီ ထင်နေတာ။ "

နင်းယွီက သူ့ရင်ခွင်ထဲမှ စုန့်မော့ကို ပွေ့ယူလိုက်ပြီး ဖြေရှင်းဖို့ ရမယ်တစ်ခုရှာလိုက်သည်။ " မဟုတ်ပါဘူး​။ကျွန်တော်ရုတ်တရက်ကြီး နည်းနည်း မအီမသာဖြစ်လာလို့ပါ။အထဲမှာ လူတွေ အရမ်းများနေလို့ဖြစ်မယ်... ဒါကြောင့် အပြင်မှာလေထွက်ရှုလိုက်တာ။ "

အန်တီကျိူးက ထိုသို့ကြားလျှင် စိတ်ပူသွားသည့်အမူအရာဖြင့် " ဒါဆို အခုရော နေကောင်းရဲ့လား? မင်းမျက်နှာက သိပ်မကောင်းဘူးနော်။ "

" အဆင်ပြေပါတယ်။ "

တစ်နေကုန်ကစားပြီးနောက် စုန့်မော့ဟာ အရမ်းပင်ပန်းသွားပြီး နင်းယွီရင်ခွင်ထဲတွင် အိပ်ပျော်သွားခဲ့သည်။ အန်တီကျိူးက ဒရိုင်ဘာကိုဖုန်းဆက်လိုက်ပြီး သူတို့ကို ဂိတ်အဝင်မှာ လာခေါ်ခိုင်းလိုက်​၏။

ကားထဲကို ရောက်ချိန်မှာတော့ စုန့်မော့က နင်းယွီ ပေါင်ကို ခေါင်းအုံးကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့သည်။နင်းယွီကုတ်အင်္ကျီကို ခေါက်သွင်း၍ သူ့ကို ခြုံပေးလိုက်သည်။ ထို့နောက် အန်တီကျိူဒကို မော့ကြည့်၍ သဘက်ခါကျလဲ နင်းရှီကို တွေ့ရမှာမို့ ကားသုံးရမည့်အကြောင်း ပြောပြလိုက်​၏။

ထိုသို့ကြားလျှင် အန်တီကျိုးရဲ့ မျက်နှာအမူအရာမှာ နည်းနည်း တောင့်သွားကာ စကားပြောဖို့လဲ ချီတုံချတုံဖြစ်နေခဲ့သည်။

နင်းယွီက ညင်ညင်သာသာနဲ့ " ပြောစရာရှိရင် ပြောလို့ရပါတယ်။ "

သူမက သက်ပြင်းချလျက် " မင်းအခု ကျူမိသားစုနဲ့ အဆက်အဆံလုပ်နေရလို့ မပျော်မရွှင်ဖြစ်နေရမှာကို စိုးရိမ်တယ်။ "

ဒဏ်ရာဟောင်း || ဘာသာပြန် || 『Completed 』Where stories live. Discover now