Extra-2

10.1K 1.1K 29
                                    


Unicode


စုန့်ပေါလောင်က နင်းယွီကို ဒင်နာပွဲတစ်ပွဲတက်ပေးဖို့ပြောလာပြီး ထိုနေရာမှာ သမ္မတတက်ရောက်မယ်လို့ပြောလာသည်။

ဒီရက်ပိုင်းသတင်းတွေအရ သူတက်ရောက်မယ်ဆိုတာ နင်းယွီ သိပေမယ့် သူ့ကိုကြိုဆိုဖို့ မိမိကပါဧည့်ခံပွဲတက်ရလိမ့်မယ်လို့ ထင်မထားမိ။

ဒင်နာပွဲက ရှန်းတန် စံတော်ချိန်အရ ဟိုတယ်မှာ ကျင်းပမှာဖြစ်သည်။ ဧည့်ခံပွဲ ဟောခန်းတစ်ခန်းလုံးက ဇိမ်ခံပစ္စည်းတွေပြည့်မနေသော်လည်း အလွန်တရာမှ ကြီးကျယ်ခမ်းနားလှ​၏။ ရှန်းတန်​၏ ကောင်စီဝင်အသစ်လေးယောက်နှင့် သူတို့မိသားစုဝင်များကလဲ ပွဲတက်ရမည်ဖြစ်သည်။

သမ္မတနှင့် သမ္မတကတော်တို့ မြို့တော်အတွင်းမှ လာရောက်ရုံမက စုန့်ပေါလောင်ဟာ စလေကတည်းက မိမိကို အားလုံးနှင့်မိတ်ဆက်ပေးကာ နင်းယွီပိုပြီး နားလည်စေရန် နောက်မှ နှုတ်ဆက်ခိုင်း​၏။

ဤသို့ ကိန်းကြီးခမ်းကြီးနိုင်သည့် သမယတွေမှာ ပါဝင်ရပြီဆို နင်းယွီက အမြဲတမ်း စိုးရိမ်လွန်နေတတ်သည်။ မြင်ကွင်းတစ်ခုလုံးထဲမှာ မိမိက ရုပ်သေးရုပ်လေးလိုပင် ၊ စုန့်ပေါလောင်ကသာ ဘယ်ဆီကိုသွား၊ ဘယ်သူ့ကို လေးစားဆိုပြီး ပြောနေခဲ့​၏ ။

" အဲ့ဒါ သမ္မတရုံးတော်ရဲ့ လုံခြုံရေးတွေထဲတစ်ယောက် .. ဟန်ယွမ်စုန့် " စုန့်ပေါလောင်က နင်းယွီခါးပေါ်မှာ လက်တင်ထားပြီး တိုးတိုးပြောပြလာသည်။ " သူ့အဖေက သမ္မတရဲ့လူယုံ။ အရင်သက်တမ်းကာလတုန်းက ဘဏ္ဍာရေးဝန်ကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပေမယ့် အခု ကျန်းမာရေးအခြေအနေတွေကြောင့် မြန်မြန် နှုတ်ထွက်ခဲ့တယ်။ သူ့အဖေနဲ့ မတူတာကတော့ သူက လူပေါကြော့၊အမိုက်အမဲ...သူ့အဖေမျက်နှာကြောင့်မို့ အတွင်းရေးမှူးဖြစ်လာနိုင်တာ "

" ပြီးတော့ သူက အရမ်း တဏှာကြီးတယ်။ ငယ်တုန်းကဆို အချစ်ကြွေးတွေကြားထဲ ခဏခဏရောက်တာ။ Alpha တစ်ယောက်ဖြစ်နေပေမယ့် အမှတ်အသားလုပ်ထားတဲ့Omegaလဲ မရှိသလို၊ လက်ထပ်ထားတဲ့သူလဲ မဟုတ်ဘူး "

ဒဏ်ရာဟောင်း || ဘာသာပြန် || 『Completed 』Donde viven las historias. Descúbrelo ahora