56

10.8K 1.2K 31
                                    

နှလုံးသားမာရင်၊ ပြဿနာတွေနည်းမယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~

စုန့်ပေါလောင်က ချောက်ကမ်းပါးအစွန်းမှာ အချိန်အကြာကြီးရပ်နေခဲ့သည်မှာ နေက ရွှေနီရောင် ဖြည်းဖြည်းချင်းသမ်းလာပြီး နင်းယွီခြေသလုံးတွေပင် နာလာပေမယ့် သူက ထွက်သွားဖို့ တွန့်ဆုတ်နေခဲ့​၏။

" သွားစို့ " သူက ပင်ပန်းနေသော ခြေလှမ်းများဖြင့် စံအိမ်ဆီကို လျှောက်သွားခဲ့သည်။

နင်းယွီက သူ့နောက်မှ လိုက်ပါလာပြီး တစ်လမ်းလုံး စကားမပြောဖြစ်တော့။ သူ သ်ိပ်ပြီး မပြသော်လည်း သူစိတ်ဆိုးနေတယ်ဆိုတာ နင်းယွီသိ​၏။

မိမိက ဘာမှမချန်ထားခဲ့တာကြောင့် သူစိတ်ဆိုးနေတယ်လို့ တွေးဖို့ နင်းယွီအဲ့လောက်ထိ စိတ်ကူးယဉ်ဆန်နေမှာမဟုတ်ပေ။ သူ နင်းယွီကို အပြစ်တင်တာက ဘာတစ်ခွန်းမှ မပြောပါဘဲ ပန်းအိုးထဲက မြေဆွေးတွေကို သွန်ချပစ်လိုက်လို့ ဖြစ်ကောင်းဖြစ်နိုင်သည်။

ဆည်းဆာနေရောင်အောက်တွင် သူ့အရိပ်က အလွန်ရှည်လျားလှသည်။ နင်းယွီတို့က တစ်ယောက်ပြီးတစ်ယောက်လျှောက်လာခဲ့ပြီး နှစ်မီတာခွာထားခဲ့သည်။ခြေတစ်လှမ်းလှမ်းလိုက်တိုင်း သူ့အရိပ်ကို တက်တက်နင်းမိ​၏။

ဒီလို အရိပ်ဂိမ်းမျိုးဆိုတာက နင်းယွီ ပညာသင်တုန်းက မကြာမကြာဆော့လေ့ရှိခဲ့သည်။ ဘယ်သူမှ ပူးပေါင်းစရာမလိုသလို ၊ဘယ်သူမှလဲ တုံ့ပြန်စရာမလိုအပ်၊ ကိုယ့်ဘာသာကိုယ် တစ်နေလုံး ဆော့လို့ရသည်။ တစ်ခါတလေ စုန့်ပေါလောင်အိပ်ပျော်နေချိန်တွေမှာ နင်းယွီက သူ့အရိပ်နဲ့တိတ်တိတ်လေး ဆော့ခဲ့ဖူး​သည်။

သူ့အရိပ်က သူ့ထက် အများကြီးပိုကောင်းသည်၊ နင်းယွီ ၎င်းကို သာမန်ကာလျှံကာထိမိလိုက်ရင်တောင် ဘယ်တော့မှစိတ်ဆိုးခံမှာ မဟုတ်။

စံအိမ်ကို ပြန်ရောက်သောအခါ လီရွှင်က စာရွက်စာတမ်းတွေယူဖို့ ရောက်လာသည်နှင့် ကြုံပြီး စုန့်ပေါလောင် သူ့ကိုစာကြည့်တိုက်ထဲ ဦးဆောင်ခေါ်သွားသည်။

" ဥက္ကဋ္ဌစုန့်.. ရှေ့နေဝူဖုန်းက ရွမ်မိသားစုကို တရားစွဲဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီး ဗွီဒီယိုကောလ်ပြောချင်နေပါတယ်... " လီရွှင်က အချိန်မဖြုန်းပါဘဲ သွားရင်းပင် အလုပ်ကိစ္စပြောကာ မကြာခင်မှာပင် သူတို့နှစ်ယောက် လှေကားထောင့်စွန်းကနေပျောက်သွားတော့သည်။

ဒဏ်ရာဟောင်း || ဘာသာပြန် || 『Completed 』Where stories live. Discover now