46

9.9K 1.2K 19
                                    

ဒဏ်ရာရသွားလို့ စာ မရေးနိုင်ဘူး။

~~~~~~~~~~~~~~~~~~~~~~~~~~~

ဘယ်ဘက်လက်နဲ့ ကို့ရို့ကားယားဖြစ်စွာ စားသောက်ပြီးသည့်နောက် လော့မုန့်ပိုင်က အဖြူပြောင် ဓာတ်ခွဲခန်းကုတ်ကိုဝတ်ထားပြီး နင်းယွီကို စစ်ဆေးပေးရန် လူနာဆောင်ထဲ ဝင်လာခဲ့သည်။

သူမက နားကြပ်ကို ထုတ်လိုက်ပြီးမှ စုန့်ပေါလောင်အား " ပြောင်တိ၊ အောက်ထပ်မှာ ရဲအရာရှိတချို့က ရှောင်ယွီ့ကို မေးစရာလေးရှိလို့တဲ့။ ငါ အပေါ်တက်မလာဖို့တော့ တားထားတယ်။ မင်း သွားကြည့်ချင်သေးလား? "

" အကုန်လုံး မနက်ဖြန်မှ ပြန်လာခိုင်းလိုက် " စုန့်ပေါလောင်က လက်ပိုက်ထားတာကို ဖြေလိုက်ပြီး စိတ်မရှည်စွာပင် " ကျွန်တော် ပြန်လာခဲ့မယ် "

ထို့နောက် သူက လူနာဆောင်ထဲမှ ထွက်သွား​၏။

လော့မုန့်ပိုင်က နင်းယွီိကို သေချာ စစ်ဆေးပေးပြီး ဓာတ်မီးနှင့် မျက်လုံးတွေကို ထိုးကြည့်ကာ မူးသေးသလားလို့ မေးလာသည်။

"မဟုတ်ဘူး၊ ငါ့လက်မှာ နည်းနည်းနာတာကလွဲရင် တခြားဘာမှ မခံစားရဘူး။"

ထိုသို့ကြားလျှင် လော့မုန့်ပိုင်က လက်ကိုကြည့်လိုက်ပြီး " ပြောင်တိ ပြောမှာပေါ့​.. မင်းအရွတ်တွေကျိူးလို့ ပြန်ဆက်ထားရတာကိုလေ။ ချုပ်ရိုးဖြေပြီးတာနဲ့ ပြန်လည်ထူထောင်ရေးကို သည်းခံပြီးရင် အရင်ကလို ကွေးနိုင်ဆန့်နိုင်မှာပါ "

သူမက စစ်ဆေးပြီးသည်နှင့် နင်းယွီ လက်ကိုအောက်ချလိုက်ပြီး ဗိုက်အောက်ပိုင်းကို ကြည့်လာခဲ့​၏။

သူတို့နှစ်ယောက်လုံးရဲ့ မျက်လုံးတွေက တမျိူးကြီးတွေပင်။ နင်းယွီ လက်ဆန့်၍ ဗိုက်ကိုဖိလိုက်ပြီး " ဘာဖြစ်လို့လဲ? "

" ဟင်? "

" မင်းရော စုန့်ပေါလောင်ရော ဒီနေ့ အရမ်းထူးဆန်းနေတယ် "

လော့မုန့်ပိုင်က mask လို အကိုက်ဟန့်ကိုတပ်ထားတာကြောင့် သူမ အမူအရာကို ရှင်းရှင်းလင်းလင်းမမြင်ရပေ။ သူမရဲ့ကျဉ်းသွားတဲ့မျက်ဝန်းများမှ တဆင့် သူမရယ်နေတာဖြစ်ကြောင်း ခန့်မှန်းကြည့်ရုံပဲရှိ​၏။

ဒဏ်ရာဟောင်း || ဘာသာပြန် || 『Completed 』Donde viven las historias. Descúbrelo ahora