8

9.2K 1.2K 32
                                    



အခန်း ၈ - ဘာမှမလုပ်နိုင်တဲ့ လူတွေကို အမှိုက်လို့ ခေါ်တာနဲ့ပဲ တကယ် ထိုက်တန်တယ်။

____________________________________


အန်တီကျိူးက အမှုဆောင်တာဝန်တွေကို ကိုင်တွယ်ဖို့လွယ်ကူအောင် စုန့်ပေါလောင်က မြို့ထဲမှာသာနေ့တိုင်း နေလေ့ရှိပြီးစုန့်မော့နဲ့အိမ်စေတစ်စုကသာ တောင်ပေါ်မှာနေကြကြောင်း ပြောခဲ့သည်။ ဒါပေါ့ ခုချိန်မှာတော့ နောက်တစ်ယောက် ထပ်ထည့်ရပြီ၊ နင်းယွိပေါ့။

စုန့်မောက အကျင့်ကောင်းပြီး တိတ်တိတ်ဆိတ်ဆိတ်နေတတ်သော်လည်း စကားပြောရတာမကြိုက်ပေ။ နင်းယွိ အန်တီကျိူးကိုသူ နေမကောင်းဘူးလားလို့ ယောင်ဝါးဝါးဖြင့် မေးကြည့်မိသည်။ အန်တီကျိုးက နင်းယွိမေးတာကို အမြန်သဘောပေါက်သွား၍ သူ့အသက် သုံးနှစ်အရွယ်မှာ လုံးဝဥဿုံစစ်ဆေးကြည့်ဖူးပြီး အားလုံးက ပုံမှန်ပါပဲလို့ ပြောလာ​၏။သူ့ရဲ့ စကားပြောဖို့ဝန်လေးတတ်ခြင်းဟာ သူ့ပင်ကိုစရိုက်ကြောင့်ဖြစ်နိုင်ပေသည်။သူ့တွင် ပုံမှန် စိတ်ပိုင်းဆိုင်ရာ ပြုပြင်မှုရှိသော်လည်း အာနိသင်ကတော့ သိပ်ပြီး မပေါက်ရောက်လှ။

သူမက အရင်နာနီကို ထည့်ပြောလာသေး​၏ ; မိသားစုက အမှတ်အသားမလုပ်ရသေးတဲ့ Omegaငယ်တွေကို ခန့်တတ်လေ့မရှိခဲ့သော်လည်း စုန့်မော့က သူမပြောပြတဲ့ ပုံပြင်များကို နားထောင်ရတာ နှစ်သက်သောကြောင့် စုန့်ပေါလောင်က စုန့်မော့ရဲ့ ဘာသာစကားစွမ်းရည်ကို ပိုကောင်းအောင် မြှင့်တင်နိုင်ဖို့ မျှော်လင့်ကာ သူမကို ခြွင်းချက်အဖြစ်နဲ့ ခန့်အပ်ခဲ့လေသည်။သို့သော် မမျှော်လင့်ပါဘဲ တစ်ဖက်လူက သည်းမခံနိုင်စရာကောင်းစွာ အပြင်ထွက်တဲ့အခါ သခင်ငယ်လေး ပျောက်သွားလုနီးနီး ဖြစ်သွားခဲ့ကြောင်းပြောပြလာခဲ့သည်။ အဆုံးသတ်၌ သူမက သက်ပြင်းချလျက် အနည်းငယ်ကူကယ်ရာမဲ့နေပုံပေါ်​၏။

စုန့်ပေါလောင်ရဲ့ အိမ်မှာ အားလုံးရှိသည်၊ ဧည့်ခံပွဲခန်းမ၊ စာကြည့်တိုက်​တစ်ခန်း၊ ရေကူးကန် နှင့် လျန်ချိူးယန်ရဲ့ တိုက်ခန်းတစ်ခုလုံးစာ သန့်စင်ခန်းတို့ရှိလေသည်။ မီးဖိုချောင်သုံးပစ္စည်းတွေကလဲ အလွန်ကို ပြီးပြည့်စုံ​၏; အိုဗန်ကလဲ အကြီးကြီးဖြစ်ပြီး နောက်ဆုံးပေါ်စတိုင်၊ ဂျုံနဲ့ သကြားလွှာတို့သည်လည်း မပြတ်လတ်သလို အလှရေးထိပ်ချွန်တွေကလဲ ရာချီမကပင်။

ဒဏ်ရာဟောင်း || ဘာသာပြန် || 『Completed 』Where stories live. Discover now