24

8.5K 1.1K 17
                                    

နွေဦးရောက်တော့မယ်၊ ပြန်အမှတ်ဖော်ဖို့ အချိန်ကောင်းပဲ။ လျန်ချိုးယန်က အောက်ထပ်မှာ ရန်ဖြစ်နေတဲ့ ကြောင်ရိုင်းတွေကို မောင်းဖို့ သုံးညဆက်တိုက် ရေနဲ့ပက်တယ်။

~~~~~~~~~~~~~~~~~~~~~

နင်းယွီ ရှန်းဖျင်ကိုကန်လိုက်တာကြောင့် သူ နံရိုးနှစ်ချောင်းကျိုးသွားခဲ့ပြီး မိမိကလဲ လဲအကျမှာ လက်ထောက်လိုက်မိ​၏။ ထိုအချိန်တုန်း​က မျက်လုံးတွေတောင် မှောင်မိုက်သွားတာကြောင့် ကျိူးပြီလို့ထင်ခဲ့မိသည်။ အဆုံးမှာတော့ စစ်ဆေးကြည့်တဲ့အခါ အရိုးအက်ရုံသာပင်။

စုန့်ပေါလောင်က သူ့ကို ပြဿနာရှာတယ်လို့ မထင်ရလေအောင် နင်းယွီ အထူးတလယ်ကြီး လော့မုန့်ပိုင်ကိုခေါ်မနေတော့ဘဲ ဆေးရုံကို သွားလိုက်သည်။

ဆရာဝန်က တစ်လလောက်တော့ ကျောက်ပတ်တီးစည်းရမည်ဖြစ်ပြီး ညာလက်ကို လျှော့သုံးရန် ပြောလာသည်။

နင်းယွီ အလုပ်အသစ်ရဲ့ဒုတိယမြောက်စပရင်လေးဟာ ရှန်းဖျင်ရောက်လာတာကြောင့် အဆုံးသတ်သွားရ​၏။

ပိုပြီးနောင်တရစရာကတော့ မိမိရဲ့ ဒဏ်ရာကို စုန့်ပေါလောင်ကို မပြောရင် မသိလောက်ဟု ထင်ခဲ့ပေမယ့် နိုးလာတဲ့ နောက်တစ်နေ့မှာပဲ အပြုံးလေးဖြင့်ဘာတောင်းဆိုချင်သလဲ မေးလာသည့် ရှေ့နေဝူဖုန်းဟာ တံခါးဝကိုရောက်လာခဲ့လေသည်။

သူက ရည်မွန်၍ ချိုသာဆဲဖြစ်သည့်တိုင် သူ့စကားတွေကတော့ သဘောမကျသည့် စကားနုများဖြစ်ကြ​၏။ သူက နင်းယွီဟာ လက်လွတ်စပယ်နှင့် အန္တရာယ်များသော ရှန်းဖျင်ကို တွေ့ဖို့ လက်မခံသင့်ဘူးထင်ခဲ့သည်။

နင်းယွီ ထိုသည်မှာထိုင်ရင်း အပြစ်လုပ်ထားသည့် မူလတန်းကျောင်းသားလို ပုခုံးကို ကျုံ့ထား၍ပြောစရာမဲ့နေခဲ့​၏။

နင်းယွီ ရှန်းဖျင်ကို တွေ့ခဲ့သည်က ပြောင်ပြောင်ပြောရလျှင် မိမိရင်ထဲမှာ တုံးအသည့်အတွေးတစ်ခုရှိသောကြောင့်ဖြစ်ခဲ့သည်။ သူ နင်းယွီကို ဝန်ခံမလား၊နောင်တရမလားဆိုတာကို ကြားချင်မိတာကြောင့်။

အခုမူ နှစ်တွေအကြာကြီးတိုင် တိုးတက်မလာသည့် နင်းယွီ တုံးအတာကို သက်သေပြမိရက်သား သဘောဖြစ်သွား​၏။

ဒဏ်ရာဟောင်း || ဘာသာပြန် || 『Completed 』Wo Geschichten leben. Entdecke jetzt