72

10.2K 1.1K 22
                                    



နောက်နှစ်ကျ ဥယျာဉ်မှူးကို ခြံဝန်းထဲမှာ ကွေ့ဟွားပင်နည်းနည်းလောက် စိုက်ခိုင်းကြစို့။

______________________________________


နိုးလာပြီးနောက် စုန့်ပေါလောင်ဟာ အလျင်အမြန် နလံထူလာခဲ့သည်။ သူရဲ့ထူးကဲလှသော နလံထူနိုင်သည့်စွမ်းရည်ကြောင့်လား၊ alphaတွေအားလုံး ဒီလိုပဲလားဆိုတာကတော့ နင်းယွီမသိ။

သူသည်ကား ဂလင်းဆုံးရှူံးလိုက်ရ၍ စိတ်ဓာတ်ကျနေဟန် မပေါ်ဘဲ ပျော်ပင်ပျော်နေသည့်ပုံပေါ်တာကြောင့် သူတစ်လျှောက်လုံး ဒီလိုလုပ်ချင်ခဲ့လေသလား ဆိုတာကို နင်းယွီ သိချင်လာရသည်။ မဟုတ်ပါလျှင် သူအရင်က မိမိကိုဤသို့သော မရေမရာကိစ္စများ ပြောခဲ့မည်နည်း? ပြီးလျှင် ခွဲစိတ်ရန်အတွက် လော့မုန့်ပိုင်ကိုရှာဖို့ ယန်ဟဲ့ဆေးရုံကိုသွားရန်မရမကတောင်းဆိုမည်နည်း။

သို့သော် နင်းယွီသူ့ကို မေးခဲ့လျှင်တောင် သူက ဝန်ခံလာမှာမဟုတ်ပေ။

ထိုအချိန်ကစပြီး နင်းယွီ သူ့ Pheromoneနံ့တွေကို အနံ့မခံနိုင်တော့ပေ​။ တွေးမိရလျှင် နည်းနည်းတော့ ဆုံးရှုံးရသလို ခံစားရပါသည်။

ဘာပဲဖြစ်ဖြစ် နင်းယွီ Pheromone နံ့ကိုခံခြင်းက ကိုယ်ဝန်ကောင်းဖို့အတွက်သာဖြစ်​၏။ကလေးလေး မွေးလာခဲ့တာနဲ့ခန္ဓာကိုယ်ထဲက ဟော်မုန်းအလုံးစုံကလည်း သာမန်ပြန်ဖြစ်ပြီး အရင်ကလို အနံ့ကြိုက်မှာမဟုတ်တော့ပေ။

ဒီလိုနည်းနဲ့စဉ်းစားကြည့်ရလျှင်တော့ နောင်တရစရာမရှိပါ။

ဒီနှစ်၌ နင်းယွီဟာ ဆေးရုံနဲ့ ခိုင်မြဲလှစွာ နှောင်ကြိုးတွယ်တော့ မတတ်ပါပင်။ နင်းယွီအမြဲ ဆေးရုံတက်ရပြီး ဆေးရုံအမြဲတမ်းလာရသည်ဖြစ်ဖြစ်၊ မိမိပတ်ပတ်လည်မှ စုန့်မောကနဲ့ စုန့်ပေါလောင်အထိ ဒဏ်ရာရကာ ဆေးရုံတက်ခဲ့ရ​၏။ ဒါဟာ ကျိန်စာတစ်မျိူးလိုပင်။

အနှီ နတ်ဘုရားတို့​၏ ထူးဆန်းသည့်စွမ်းပကားအား ချွေးသိပ်နိုင်မည့် နင်းယွီပတ်ဝန်းကျင်က တစ်ယောက်တည်းသောပုဂ္ဂိုလ်ကတော့ တောက်ဘုန်းကြီးဝေ့ကျင်သာ ဖြစ်တော့သည်​။ ထို့ကြောင့် နင်းယွီဟာ မိသားစုနောက်နှစ်မှာ ဘေးကင်းစေရန် သူ့ကို တောက်ဘာသာငြိမ်းချမ်းရေးလက်ဖွဲ့တွေ တောင်းခံခဲ့မိသည်။

ဒဏ်ရာဟောင်း || ဘာသာပြန် || 『Completed 』Where stories live. Discover now