19

8.7K 1.1K 39
                                    

ဆရာက ကျွန်တော်တို့ကို ဆုချဖို့ အရသာရှိတဲ့ တစ်နပ်စာ လုပ်ကျွေးမယ် ပြောခဲ့တယ်။ရလဒ်ကတော့ အားလုံး စုပြီးအဆိပ်ခတ်ခံရသလိုပဲ။

~~~~~~~~~~~~~~~~~~~~~~

စုန့်ပေါလောင်က နင်းယွိ့ ခြေထောက်ကို တစ်ချက်ကြည့်ပြီး ဆောင့်ကြောင့်ထိုင်ချလိုက်ကာ ယောင်နေတဲ့ အပိုင်းကို သူ့လက်နဲ့ ဖိလိုက်သည်။

" ခြေချောင်းလှုပ်ကြည့် "

နင်းယွိ သူ့စကားနားထောင်ပြီး နာရက်နဲ့ပဲ ခြေချောင်းတွေကို ကွေးကြည့်လိုက်သည်။

" အရိုးကတော့ အဆင်ပြေတဲ့ပုံပဲ။ " သူက အနေအထားပြောင်း၍ နင်းယွိကို ကျောပေးလိုက်ပြီး " တက်လိုက်။ "

နင်းယွိ သူ့ရဲ့ ကျယ်ပြန့်တဲ့ကျောပြင်ကြီးကို ကြည့်ပြီး နည်းနည်း ပြောစရာပျောက်သွားသလိုပင်။ " ဒါမယ့် မင်းကျောကအခုထိ ဒဏ်ရာရှိနေတုန်းလေ။ "

နင်းယွိက အိုဗာဝိတ်မဟုတ်သော်လည်း သူလည်းပဲ အရွယ်ရောက်သူတစ်ယောက်ဖြစ်လို့ သူ့ဒဏ်ရာပြန်ပွင့်မှာစိုးမိ​၏။ မိမိကို သူ့ကျောပေါ်မှာသယ်ပြီး သူ့ကို စီးခွင့်ပေးရန်ဆိုတာက နည်းနည်း ပြောစရာပျောက်ရသည်။

" ဒီလိုဆိုရင်ရော.. မင်း မော့မော့ကို အရင်ပြန်ခေါ်သွားပြီး ငါ့ကို တခြားတစ်ယောက်လာခေါ်ခိုင်းရင်ရော... ဘယ်လိုလဲ? "

ဒီအကြံက မဆိုးလှဘဲ အကျိုးအကြောင်းလဲ ကိုက်ညီတယ်လို့ နင်းယွိတွေးသော်လည်း စုန့်ပေါလောင်ကတော့ ကြည်ရွှင်ပုံမရ။

" မင်းဘာလို့ ဒီလောက်ပြဿနာရှာရတာလဲ?" သူက မတ်တပ်ထရပ်၍ စိတ်မရှည်တဲ့ပုံနဲ့ တင်တင်စီးစီးငုံ့ကြည့်လာ​၏။ " ငါမင်းကို ရွေးစရာ နှစ်ခု ပေးမယ်။ ငါ မင်းကို ပြန်သယ်သွားမယ်...မဟုတ်ရင် မင်းဘာသာ တက်။ တစ်ခုပဲရွေး။ "

သူက တကယ်ကို ခန့်မှန်းရခက်ပြီး ကျိုးကြောင်းကလဲ မသင့်လှ။

နင်းယွိ သူ့ကို ခဏလောက်ကြည့်နေပေမယ့် နောက်ဆုံး စိတ်လျှော့လိုက်ရ​၏။ အမှန်တကယ်ကို ကိုယ့်ဘာသာမှမတတ်နိုင်ဘဲ။ " ဒါဆို ဒုက္ခပေးမိပါပြီ။ "

ဒဏ်ရာဟောင်း || ဘာသာပြန် || 『Completed 』Where stories live. Discover now