44

9.4K 1.1K 25
                                    

ဒီဆောင်းဦးမှာ ရွှီမေ့ရန်က ကွေ့ဟွားချိစ့်ကိတ်အသစ်တမျိူး ဖြန့်ခဲ့တယ်။ ဆရာက ကျွန်တော့်ကို ထင်မြင်ချက်မေးတဲ့အခါ ဆန္ဒကိုဆန့်ကျင်ပြီး ကောင်းတယ်' လို့တန်ဖိုးဖြတ်ပေးခဲ့ရတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~

တစ်နာရီပင်မကြာပဲ နေခဲ့ပြီးနောက် စုန့်ပေါလောင်ဟာ ရွမ်သားအဖကို နှုတ်ဆက်ကာ သူ့မှာလုပ်စရာရှိ၍ အရင်ပြန်တော့မည်ဖြစ်ကြောင်း ပြောလာသည်။

တစ်ဖက်လူက ဟန်ဆောင်နေခဲ့သော်လည်း နောက်ဆုံးမှာတော့ နင်းယွီတို့ကို အထွက်လိုက်ပို့ရန် ရွမ်လင်ဟယ့်ကိုယ်တိုင်ကိုစေလွှတ်လိုက်သည်။

" ရှေ့လျှောက် အခွင့်သာခဲ့ရင်..." ရွမ်လင်ဟယ့်က ပါးစပ်မှပျူငှာစွာဖြင့် စုန့်ပေါလောင်လက်ကို ဆွဲလိုက်သော်လည်း သူ့မျက်လုံးတွေက တံခါးဆီကို ရောက်သွား​၏။ သူဘာမြင်လိုက်လဲမသိပေမယ့် စပြီး အာရုံမစိုက်နိုင်ဖြစ်လာခဲ့သည်။

" အကယ်၍ အခွင့်သာသေးရင်..... စကား ပြော ..... "

နင်းယွီ သူ့ကြည့်တဲ့နေရာကို လိုက်ကြည့်မိသည်။ တံခါးအပြင်ဘက်၌ နာနီိကားအဖြူတစ်စင်းက နင်းယွီတို့ကားနောက်မှာထိုးထားပြီး သူက ၎င်းကိုကြည့်နေခဲ့တာပင်။

ထိုအခိုက် ပွဲထဲမှ လှုပ်ရှားမှုတစ်ခုရှိလာပြိး လူလေး၊ငါးယောက်က အလျင်စလိုထွက်လာကြ​၏။

ဝူချန်က ကုတ်အင်္ကျီဝတ်ထားပြီး မျက်နှာမှာ နေကာမျက်မှန်တပ်ကာ စကတ်ကိုတော့ သူမလက်ထောက်က သယ်ပေးထားပြီး ကြယ်ပွင့်လေးက လကိုင်ထားသကဲ့သို့ နာနီကားထဲကို အမြန်ဝင်သွားခဲ့သည်။

သူမဟာ ရွမ်လင်ဟယ့်ကို မြင်မှာပေမယ့် ပြန်လှည့်မကြည့်ပေ။ နှုတ်ဆက်စကားအဖြစ် အနံ့ကိုသာထားခဲ့ပါ​၏။

ရွမ်လင်ဟယ့်ကတော့ ဝိညာဉ် ထွက်သွားသည့်နှယ်ပင်။ သူက တစ်ဖက်လူထွက်သွားသည့် လမ်းကြောင်းကို ကြည့်ဖို့လည်ပင်းဆန့်ထားခဲ့ပြီး နင်းယွီတို့ ရှိနေတာကိုပင် လုံးလုံးလျားလျားမေ့သွားခဲ့သည်။

" အခွင့်သာမှာပါဗျာ " စုန့်ပေါလောင်က ရွမ်လင်ဟယ့် အပြုအမူမှားတွေကို သတိမထားမိသလို လက်ဆွဲနေတဲ့လက်ကိုအပြုံးယဲ့ယဲ့ဖြင့် လွှတ်ချလိုက်ကာ လှည့်ထွက်ပြီး နင်းယွီရဲ့ခါးကိုဖက်၍ ဆက်လျှောက်လိုက်တော့​၏။

ဒဏ်ရာဟောင်း || ဘာသာပြန် || 『Completed 』Donde viven las historias. Descúbrelo ahora