22

8.1K 1.1K 7
                                    

မိုးရွာတဲ့ နေ့ရက်တွေဖြစ်လို့ ကျွန်တော့်ရဲ့ ဒဏ်ရာကို အရမ်း နာကျင်စေတယ်။

~~~~~~~~~~~~~~~~~~~~~~~

စုန့်ပေါလောင်က အမှန်ပင် သူ့ဒဏ်ရာကို အားဖြည့်ဖို့ရာ တောင်ပေါ်ကိုလာခဲ့တာဖြစ်သည်။ သူ့ဒဏ်ရာ ကျပ်သည့်နှင့် ထွက်သွား​၏။ သူနဲ့နင်းယွီတို့ဟာ တစ်ယောက်နဲ့တစ်ယောက် အရင်က မမြင်ဖူးသလို အခြေအနေဆီပြန်ရောက်သွားပြီး အလွန်ကြပ်ကြည်တည်းတည်းရှိလှသည်။

ရိုးရိုးဆိုရပါက စစ်အေးတိုက်ပွဲပင်။

" မတွေ့ရတာကြာပြီနော်။ " နင်းယွီက အွန်လိုင်းဖြစ်နေတဲ့သူ အရေအတွက်မြင့်တက်နေသော ကင်မရာကို လက်ယမ်းပြလိုက်ပြီး စိုးရိမ်စွာ အကြည့်လွှဲရင်း " လိုက်ဗ်ကို အကြာကြီးရပ်ထားမိလို့ဆောရီးပါ။ဒီနေ့ကစပြီး ၇၂ နာရီ တိုက်ရိုက်ထုတ်လွှင့်မှူအဖြစ် သုံးရက်ဆက်တိုက် လုပ်သွားမှာပါ။ လူတော်တော်များများက ကျွန်တော့်ကို အထင်လွဲနေကြတုန်းပဲဖြစ်ပြီးကျွန်တော့်မှာ တကယ်အင်အားရှိတယ်ဆိုတာ မယုံကြမှန်းသိပါတယ်။ ကိစ္စမရှိပါဘူး.. ကျွန်တော် ဖြည်းဖြည်းချင်းသက်သေပြသွားမှာပါ။ "

နင်းယွီက ရေခဲသေတ္တာထဲမှာ ကြိုပြင်ထားသည့် သကြားလျှာပေါ်ဝဲနဲ့ ထောပတ်ခရင်မ်တို့ကို ထုတ်လိုက်သည်။ပြီးလျှင်အပိုင်းသေးသေးလေးတွေဖြစ်တဲ့ ငါး၊ပုဇွန် ၊ ထိပ်အခုံးလေးတွေနှင့် သန္တာကျောက်အနီ၊ ပုလဲပါတဲ့ ခရုခွံအစရှိသည်တို့ဖြင့်စတင်လိုက်တော့သည်။

၈နာရီကြာ Streamingလုပ်ပြီးနောက် နင်းယွီက နာနေတဲ့လည်ပင်းကို လှိမ့်လိုက်ပြီး ရပ်ကာ ရေသောက်ရန် ၁၀မိနစ်လောက်အနားယူလိုက်​၏။

[ ယွီယွီ... မင်းက သိပ်လှတာပဲ။ ငါအရင်တုန်းက မင်းကိုFollow ခဲ့ဖူးတာ မှတ်မိသေးလား။ ]

တက်လာသည့် စခရင်ပေါ်မှ မှတ်ချက်တွေကို တစ်ချက်ကြည့်ရင်း နင်းယွီ တချို့ကို ရွေးဖြေလိုက်သည်။

" မှတ်မိတာပေါ့။အဲ့ဒီတုန်းက လိုက်ဗ်လွှင့်ခန်းမှာ လူသုံးဆယ်ပဲရှိတာလေ။ အားလုံးရဲ့နာမည်တိုင်းကို မှတ်မိပါတယ်။ "

ဒဏ်ရာဟောင်း || ဘာသာပြန် || 『Completed 』Donde viven las historias. Descúbrelo ahora