13

8.8K 1.1K 24
                                    


အခန်း ၁၃- ဆရာက ကြေးနီမိုဃ်း ဝယ်ဖို့ လက်တွန့်နေတယ်။ ကျွန်တော် ပိုက်ဆံလုံလောက်အောင် စုပြီးတဲ့အခါ မွေးနေ့လက်ဆောင်အဖြစ် တစ်ဆက်လောက် ဝယ်ပေးလိုက်မယ် ။

________________________________



စုန့်မော့က မဝံ့မရဲဖြင့် နင်းယွိကိုမော့ကြည့်လာပြီး ကိတ်ဝါးနေတာတောင် ရပ်သွားသည်။

သူသည်ကား အတော်လေး အထိမခံသည့်ကလေးဖြစ်တာကြောင့် သူသာ ဂရုမစိုက်ပါက စကားလုံးတွေကသူ့ကိုနာကျင်စေလိမ့်မည်ပင်။ နင်းယွိလဲ သူ " မာမီ " လို့ခေါ်လိုက်တာကြောင့် လန့်သွားရသည့်တိုင် သူ့ကိုငြင်းပြီး သူကတစ်ခုခု မှားလုပ်ခဲ့သလိုမျိူးလုပ်ဖို့ မလိုအပ်ပါချေ။

သူဟာ အချိန်အကြာကြီး စောင့်ခဲ့ရပုံရပြီး နင်းယွိကို ဒီလိုမျိုး ခေါ်ရဲတဲ့သတ္တိမရှိခင် အချိန်အကြာကြီး အရှိန်ယူခဲ့ရပေလိမ့်မည်။ ဒီဖြစ်နိုင်ခြေကိုတွေးမိလျှင် သူ့ကို အမှန်ပြင်ပေးဖို့ ပါးစပ်မဖွင့်နိုင်ဖြစ်ရ​၏။

နင်းယွိ နှုတ်ခမ်းစေ့နေပြီးမှ စုန့်ပေါလောင်အား ပြောလိုက်သည်။ " ငါ မော့မော့ကို ခေါ်ဖို့ မပြောထားဘူး... ဒါပေမယ့် ငါတို့လက်ထပ်ပြီးပြီဆိုတော့၊ သူ ငါ့ကိုဘာပဲခေါ်ခေါ် ကိစ္စမရှိဘူး "

နင်းယွိ အပြောကိုလိုက်၍စုန့်မော့ရဲ့ အမူအရာပြောင်းသွား​၏။ သူက စိတ်အေးသွားပြီး နင်းယွိကို ပြုံးပြလာသည်။ နင်းယွိမှာ သူ့အပြုံးကြောင့် စိတ်နူးညံ့သွားရပြီး သူ့ကိုပြန်မပြုံးပြပဲ မနေနိုင်။

ထိုအခိုက် လီရွှင်က မွှေးပျံ့သည့် ဘလက်ခ်ကော်ဖီတစ်ခွက်ကို ကိုင်လာကာ စုန့်ပေါလောင်ရှေ့က ဖန်ကော်ဖီစားပွဲပေါ်တွင်တင်ပေးလာသည်။ သူမ ထရပ်၍ ထွက်သွားမည်အပြု စုန့်ပေါလောင်က သူမကို တားလိုက်၍ စုန့်မော့ကို လက်ဆေးပေးဖို့ပြောလိုက်သည်။

ကလေးတွေက သူတို့ ဘာစားလဲ ဂရုမစိုက်တာကြောင့် သူတို့မျက်နှာနဲ့ လက်တွေမှာ ခရင်မ်တွေပေပွနေတတ်ပြီးဆေးကြောဖို့လိုအပ်လေသည်။ သို့သော် စုန့်ပေါလောင်ရဲ့ အဓိကရည်ရွယ်ချက်ကတော့ သူ နင်းယွိကို သီးသန့်စကားပြောလို့ရအောင် လီရွှင်နဲ့ စုန့်မော့ကို လွှတ်ပေးလိုက်တာပင်။

ဒဏ်ရာဟောင်း || ဘာသာပြန် || 『Completed 』Where stories live. Discover now