55

10.9K 1.2K 29
                                    

လျန်ချိူးယန်က နေ့တိုင်း ကျွန်တော့်ကို ဖုန်းခေါ်တယ်။တစ်ခါတလေမှာ သူအလုပ်အရမ်းများလို့ စကားနည်းနည်းလောက်ပဲ ပြောပြီးချပေမယ့် ခေါ်နေတုန်းပဲ။ ကျွန်တော်သူ့ကို စိတ်ဖိစီးအောင်များ လုပ်မိထားသလား ?

~~~~~~~~~~~~~~~~~~~~~~~~



" မင်းက ငါ့ကို ပေးမလို့? " နင်းယွီ စုန့်ပေါလောင်ကို မေးလိုက်မိသည်။

" ဘာဖြစ်ဖြစ် အဲ့လောက်လဲ ဈေးမတန်ပါဘူး။ " သူကြည့်ရတာ ပီကေဖို့ ၅၀ဆင့်လောက်ပဲ ပစ်ပေးထားသလို ပေါ့ပေါ့ပါးပါးလေသံနှင့်ဖြစ်သည်။ " အလှဆင်နေတာပြီးခါနီးပြီ။ အကုန်ပြီးမှ မင်းကို ပေးမယ်လို့ တွေးထားပေမယ့် အခုတော့...... "

အခုတော့ ငါက သေတော့မှာလေ၊ မင်း ငါ့ကို လွှဲမပေးရင် မကောင်းတဲ့လက်ထဲရောက်ကုန်တော့မှာ...

မြေပိုင်ဟူသော စာလုံးလေးကို ပွတ်ကြည့်မိလေလေ၊ တွေးလေလေ၊ ရယ်စရာကောင်းလာလေလေပင်။ နင်းယွီက ကိုယ့်လက်မောင်းကိုယ် ဆုံးရှုံးလိုက်ရပြီလို့ တွေးခဲ့ပေမယ့် ပြန်လှည့်ပြီး မိမိလက်ထံ ပြန်ရောက်လာခဲ့​၏။

ကံက အရမ်းလဲ ဆိုးတဲ့ပုံမပေါ်ပါဘူး။

ဘုရားက နင်းယွီရဲ့တံခါးကိုပိတ်လိုက်ပြီး အမှောင်ထဲမှာ တစ်စုံတစ်ယောက်က သံတူနဲ့ ပြတင်းပေါက်လာဖွင့်ပေးခဲ့သည်လေ။

" မင်း အရမ်းပျော်နေတာလား? "

" ဟင်? " ရုတ်တရက် အသိပြန်ဝင်လာသော် နင်းယွီရဲ့နှုတ်ခမ်းစွန်းလေးတွေ ပင့်တက်နေပြီး တကယ်ကြီး ပြုံးနေမိတာပင်။

စုန့်ပေါလောင်က လက်ဆန့်လာ၍ လက်ဖျားများဟာ နင်းယွီနှုတ်ခမ်းပေါ်မှာ တင်လာခဲ့​၏။

နင်းယွီချက်ချင်း အသက်အောင့်မိသွားပြီး နှုတ်ခမ်းစွန်းလေးတွေကလဲ ထိုအတိုင်း တောင့်ကုန်သည်။ အရေပြားက သူ့လက်ဖျားမှ အပူကို ရှင်းရှင်းလင်းလင်း ခံစားမိနေပြီး လေအဝှေ့မှသယ်ဆောင်လာသည့် ဆေးလိပ်နံ့ကိုလဲ အနံ့ခံအာရုံက ရလိုက်လေသည်။

လတ်တလော သူက ဆေးလိပ်လျှော့သောက်ခဲ့တာကြောင့် နင်းယွီ ရက်တစ်ချို့လောက် အသက်ရှုကျပ်တဲ့ ဆေးလိပ်နံ့ကိုမရခဲ့ရပေ။

ဒဏ်ရာဟောင်း || ဘာသာပြန် || 『Completed 』Where stories live. Discover now