59

10K 1.1K 18
                                    

ကျွန်တော်ဗိုက်ထဲက သန္ဓေသားက ပဲစေ့အရွယ်လေးလောက်ရှိနေပြီလို့ လော့မုန်ပိုင်ကပြောတယ်။ လူသားတွေရဲ့ခန္ဓာကိုယ်က အံ့မခန်းပါဘဲ။

~~~~~~~~~~~~~~~~~~~~~~~~~~~

အခုချိန်မှာ အင်အားပြပွဲမျိုးစုံ ပျံ့နှံ့နေပြီဆိုတာ နင်းယွီသိပေမဲ့ အင်အားပြပွဲတွေကြားက ပဋိပက္ခတွေ ရှန်းတန်လို နေရာမျိုးမှာဖြစ်လိမ့်မယ်လို့ မမျှော်လင့်ထားမိပေ။

နားစူးလွန်းသည့် ဥဩဆွဲသံက ကောင်းကင်တစ်ခွင် ထိုးဖောက်လာချိန်မှာ နင်းယွီက စစ်ဆေးပြီးနောက် လူနာဆောင်ကိုပြန်တော့မည့်အချိန်ပင်။ လမ်းတစ်ဝက်လောက်အရောက် ဒဏ်ရာရလူနာပေါင်း မြောက်မြားစွာက အရေးပေါ်ဌာနကို ရုတ်တရက်ကြီး ရောက်လို့လာ​၏။

ကြွေးကြော်ဆောင်ပုဒ်တွေနဲ့ သူတို့ကိုယ်က အဝတ်တွေကို အကဲဖြတ်ခြင်းအားဖြင့် တစ်ဖက်က တန်းတူအခွင့်အရေးကိုလိုလားကြသော Betaတွေဖြစ်ပြီး ကျန်တစ်ဖက်ကတော့ Pheromone ကို အစိုးရက တင်းတင်းကြပ်ကြပ် ထိန်းသိမ်းစေလိုသော Alphaနဲ့ Omegaများဖြစ်သည်။

လူအုပ်စုနှစ်စုဟာ ယုတ္တိရှိရှိပင် မတူညီတဲ့တောင်းဆိုမှုတွေနှင့် မတူညီသော စမှတ်တွေရှိနေတာကြောင့် အငြင်းပွားမှုတွေ မဖြစ်သင့်ပါချေ။ မည်သို့ဖြစ်စေ သူတို့ စပြီးရန်ဖြစ်လိုက်ကြသည်နှင့် ရန်ပွဲကပြင်းထန်ပြီး ဆိုးဆိုးရွားရွားဒဏ်ရာရတဲ့ သူတို့ထဲကလူတွေမှာ နည်းနည်းမဟုတ်။

" လူကြီးမင်းနင်း... ဒီမှာအရမ်းပရမ်းပတာဖြစ်နေပါတယ်၊ ကျွန်မရှင့်ကို အရင် အဆောင်ပြန်ပို့ပေးရမလား ? "

ပါလာတဲ့ သူနာပြုလေးက နင်းယွီလက်ကိုဆွဲကာ လူတန်းကြီးကို တတ်နိုင်သမျှ ပိတ်ကာနေခဲ့သည်။

ဒီလိုတိုက်ပွဲမျိုးကို နင်းယွီ ပထမဆုံးအကြိမ် မြင်ဖူးတာပင်။ ပြီးခဲ့တဲ့နှစ်ရက်ကပဲ လော့ချင်ဟယ့်ထံမှ ပြဿနာမရှာဖို့သတိပေးခံထားရ​၏။ ဒီရှု့ထောင့်အရဆိုရင်တော့ ဒါက တော်တော်ကြီးကို " ပြဿနာတက် " မှာပင်။ နင်းယွီ အကြာကြီးမနေတာ ပိုကောင်းမယ်လို့ပင် တွေးလိုက်မိသည်။

" တဆိတ်လောက်ပါ !! " ဆန္ဒပြသူကတစ်ယောက်က သွေးရွှဲနေသော အဖော်နှစ်ယောက်ကို လက်မောင်းမှာတွဲလျက် ကုသဆောင်ဟောခန်းထဲကို အပြေးဝင်လာရာ နင်းယွီအ​ရှေ့က သူနာပြုကိုဝင်တိုက်မိလုနီးပါးပင်။နင်းယွီ အမြန်သူမကိုဆွဲလိုက်မလျှင် ဒဏ်ရာရလူရဲ့ ခြေချောင်းတွေက သူမနှင့် ပွတ်ရှပ်ခါနီးဖြစ်သွားရသည်။

ဒဏ်ရာဟောင်း || ဘာသာပြန် || 『Completed 』Onde histórias criam vida. Descubra agora