[ ရှောင်ကျူက ညတစ်ဝက်လောက်ငိုနေပြီး ဆရာနဲ့ အရုဏ်တက်အထိ သောက်ခဲ့တယ်။ " Alphaတွေက ကောင်းတဲ့သူမဟုတ်ဘူး " လို့ ဆက်တိုက်ရွတ်နေတာကို ကြားနေရပြီး ကျွန်တော်လဲ အဲ့လိုပဲ တွေးပါတယ် ]
စုန့်ပေါလောင်နဲ့ တစ်ဖက်သတ် ငြိမ်းငြိမ်းချမ်းချမ်း ယှဉ်နေနိုင်မယ့် နည်းလမ်းကို နင်းယွိရှာတွေ့ခဲ့သည်။ ဒီနည်းလမ်းကရန်သူကို နည်းနည်းလောက် နာကျင်စေပြီး သူကိုယ်တိုင်ကိုတော့ တစ်ထောင်လောက်နာကျင်စေ၏။
သူဘယ်လောက်ပဲ နင်းယွိကို အဓိပ္ပာယ်မရှိလောက်အောင် သုံးသပ်ဝေဖန်နေပါစေ၊ အခြေအနေအကုန်လုံးကို လက်ခံလိုက်ခြင်းပင်။ သူဘာလိုချင်လဲဆိုတာ ဝန်ခံပြီး သူ့ပါးစပ်ထဲက ရက်စက်လှတဲ့ အရည်အချင်းတွေကို ယူနေသရွေ့မကြာမှီမှာ သူရပ်သွားလိမ့်မည်ပင်။
နင်းယွိက မျက်နှာထူစွာ သူ့ရဲ့ ရန်ဆွတဲ့စကားတွေကို မျက်နှာပြောင်ပြောင်နဲ့ ခုခံပြီး သူ ပြောသည့်အပေါ်တွင်လဲလုံးလုံးလျားလျား သပိတ်မှောက်သည်။ သူက အဆိပ်ပြင်းမြွေတစ်ကောင် ရစ်ပတ်ခံရတဲ့ ကံမကောင်းတဲ့လယ်သမားတစ်ယောက်အလား။ နင်းယွိက ညှိုးနွမ်းနေသည့်အကိုင်းအခက်မဟုတ်တာကို သူအသိဝင်လာသည်နှင့်ထိတ်လန့်တကြား အဝေးကို လွှင့်ပစ်ရတော့၏။
နင်းယွိ တောင်ပေါ်မှာပဲ နေခဲ့သည်။ သူကတော့ မြို့ပြမှာနေပြီး ကောင်းကောင်းအခြေကျနေခဲ့သောကြောင့် တော်တော်လေးကို တိတ်ဆိတ်လှတဲ့နေ့ရက်များပင်။ ဒီအတောအတွင်း၌ နင်းယွိနဲ့ ညှိဖို့ ရှေ့နေတစ်ယောက်ကိုလဲ လွှတ်ပေးလိုက်သေး၏။ရှေ့နေနှစ်ယောက်တွင် တစ်ယောက်က လူအိုဖြစ်ပြီး၊တစ်ယောက်က လူငယ်။ သူတို့က နင်းယွိအား တရားဝင်ခွင့်ပြုချက်လက်မှတ်ထိုးခိုင်းပြီး အယူခံကို မေးမြန်းလာသည်။
" အယူခံ? " နင်းယွိ လက်ကို စားပွဲပေါ်တင်လိုက်မိသည်။ နင်းယွိက ပါဝင်ပစ္စည်းတွေနဲ့ မကြာခဏဆိုသလို ထိတွေ့ရတာကြောင့် လက်သည်းတွေကို အမြဲတစေ အရမ်းတိုအောင် ညှပ်ထားတတ်၏။ အချိန်တွေကြာလာသည်နှင့် ၎င်းတို့ကအသားထဲ နစ်လာကြ၍ နည်းနည်းလေး ကို့ယို့ကားယားနိုင်ပေ၏။
YOU ARE READING
ဒဏ်ရာဟောင်း || ဘာသာပြန် || 『Completed 』
Romance" အကယ်၍ မင်း တစ်ခုခုကို အမှားလုပ်မိခဲ့ပြီဆိုရင်၊အကျိုးဆက်တွေကို ရင်ဆိုင်ဖို့လိုတယ်။ ဒါကြောင့် ငါက တစ်ဘဝစာလုံး ကံအကြောင်းမလှဖို့ရာ ပြင်ဆင်ခဲ့ပြီးပြီ။ " စုန့်ပေါလောင် x နင်းယွီ