ဆရာက ကျွန်တော့်ကို စိတ်မချနိုင်ဘူး။သူက ကျွန်တော့်ရဲ့လက်ကိုယူပြီး စကားတွေအများကြီးပြောလာပြီး စောစောစီးစီးတစ်စုံတစ်ယောက်ရှာကာ လက်ထပ်ဖို့ပြောလာတယ်။ ဒါပေမယ့် အဲ့ဒါပြီးနောက် အရမ်းစိတ်မပူဖို့ပြောခဲ့တာကို ကျွန်တော်နောင်တရခဲ့တယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်က နှလုံးသားနူးညံ့လွန်းလို့၊ အနိုင်ကျင့်ဖို့ လွယ်တာကြောင့်။
~~~~~~~~~~~~~~~~~~~~~~~~~~~~
နင်းယွီ စုန့်မော့ကို လိမ်ခဲ့မိသည်။
ဒါကို လိမ်တယ်လို့ မမှတ်ယူနိုင်တာဖြစ်လောက်ပေမယ့် " အဖြူရောင် မုသား " လို့ ခေါ်တာကို ပိုကြိုက်ပါ၏။
ရှေ့လျှောက်မှာနင်းယွီက ဘယ်လိုလုပ်ပြီး စုန့်ပေါလောင်နဲ့ အတူရှိနေနိုင်မှာလဲ? ရိုးရိုးသားသားပြောရပါက နင်းယွီလဲ မသိ၊၎င်းက အချက်အလက်များစွာအပေါ်မူတည်နေပြီး အများစုက နင်းယွီရဲ့ ဆန္ဒနဲ့ လုံးဝမှ မသက်ဆိုင်နေပေ။ ဥပမာ ကျူမိသားစုနဲ့ ရှရှန်းရဲ့ မဟာမိတ်က တစ်နေ့မှာ ပျက်ပြယ်သွားပြီး မကြာခင်မှာ ကွာရှင်းစာချုပ်ကမ်းပေးရမှာလဲ ဖြစ်ကောင်းဖြစ်နိုင်၏။ပြီးတော့ အခုလိုမျိူး....
နင်းယွီက ကလေးနဲ့ပတ်သတ်လို့ စုန့်ပေါလောင်နဲ့ စကားကောင်းကောင်းပြောလို့ရမယ့် အချိန်ကို ရှာနေခဲ့မိသည်။ သူ မိမိကိုမယုံပါရင်တောင် ၊ မိမိနဲ့သူ့ရဲ့ကလေးကို မလိုချင်ဘူးလို့ ထပ်ခါတလဲလဲ ပြပေးနေတာတောင် နင်းယွီရဲ့ ရင်ထဲမှာတော့သူ မိမိကို လက်မခံနိုင်ရင်တောင် ကလေးကိုတော့ မုန်းမှာမဟုတ်ဘူးဟူသော စိတ်ကူးယဉ်မိနေသည့် အတွေးလေးနည်းနည်း ရှိနေလျက်ပင်ဖြစ်သည်။
ဒါကထပ်ပြီး ထင်မှတ်ထားသလိုမျိူး ဖြစ်သွားပြန်ပြီထင်ပါရဲ့။
သူ့စကားတွေက ခေါင်းကိုပေါက်ကွဲသွားစေပုံရပြီး နင်းယွီကို လုံးလုံးလျားလျား အလဲထိုးလိုက်ပါသည်။ သူက မိမိကိုမုန်းနေသည်မို့ ထုံးစံအတိုင်း ယို့ယို့ကိုလဲ မုန်းနေမည်ဖြစ်ကာ ၊ ကလေးမွေးဖို့ " အကွက်ဆင် " သည့်အတွက်ပါ မုန်းနေလိမ့်မည်ဖြစ်သည်။
အားလုံးက ရှချောင်ကိုယ်ဝန်ပျက်ကျတာကြောင့် စိတ်အေးလက်အေးဖြစ်ခဲ့ရသည်မှာ ဘယ်သူကမှ ပူးပေါင်းကြံစည်ခြင်း၏ ထုတ်ကုန်မွေးလာမှာကို မမျှော်လင့်ထားသောကြောင့်ဖြစ်၏။ ဒီလိုနည်းနဲ့ဆိုလျှင် စုန့်ပေါလောင်က ဘယ်လိုလုပ်ပြီး သူ့မှာ ၇နှစ်အရွယ်ကလေးတစ်ယောက်ရှိတာကို ပျော်နေမည်နည်း။ သူ့ဖြစ်တည်မှုဟာ စုန့်ပေါလောင်အား ထိုနှစ်တွေမှာ ဘာဖြစ်ခဲ့သလဲဆိုတာကို အမြဲ သတိပေးနေလိမ့်မည်ဖြစ်သည်။
ŞİMDİ OKUDUĞUN
ဒဏ်ရာဟောင်း || ဘာသာပြန် || 『Completed 』
Romantizm" အကယ်၍ မင်း တစ်ခုခုကို အမှားလုပ်မိခဲ့ပြီဆိုရင်၊အကျိုးဆက်တွေကို ရင်ဆိုင်ဖို့လိုတယ်။ ဒါကြောင့် ငါက တစ်ဘဝစာလုံး ကံအကြောင်းမလှဖို့ရာ ပြင်ဆင်ခဲ့ပြီးပြီ။ " စုန့်ပေါလောင် x နင်းယွီ