Unicode
နင်းယွီ ရောက်သွားချိန်မှာတော့ ပတ်ပတ်လည်မှာ လူများစွာရှိနေပေပြီ။ ထို့ကြောင့် လူအုပ်ကိုတွန်းတိုးဝင်မိလျှင် စုန့်မော့ကို အရင်ဆုံးတွေ့လိုက်ရသည်။
" မေ့မေ့၊ မေ့မေ့ ထားလိုက်တော့... " သူက အလယ်အနည်းငယ်ကျတဲ့အနေအထားမှာ ဘာမှမလုပ်နိုင်သလိုရပ်နေရင်းအရှေ့ကို တိုးသွားချင်သော်လည်း ဘယ်လိုလုပ်ရမလဲမသိနေဟန်တူသည်။
သူ့အရှေ့မှာတော့ ကလေးနှစ်ယောက်က အတူတူလုံးထွေးနေပြီး သူတို့ထဲမှ တစ်ယောက်ဟာ စုန့်နင်းရှီးဖြစ်ကြောင်းပြောစရာပင်မလို။
" နင်ကမှ ရုပ်ဆိုးတာ! ရုပ် ! ဆိုး! တာ! " သူမက စိတ်ဆိုးမာန်ဆိုးဖြင့် တခြားကလေး၏အပေါ်မှာခွစီးထားကာသူ့ကို မြေပြင်မှာ ဖိထား၏။
ယင်းက လေး၊ငါးနှစ်အရွယ် ကောင်လေးတစ်ယောက်ဖြစ်ပြီး သူမ၏ကိုယ်အလေးချိန်နှင့် လုံးလုံးလျားလျား အဖိခံထားရသဖြင့် သူ့လက်တွေက မြေကြီးကို ဆက်တိုက် ရိုက်နေခဲ့သည်။သူ ရိုက်ချိူးခံရ၍ပေလား၊တကယ်ဝမ်းနည်းနေ၍လားမသိ၊ သူက သေရတော့မလို ငိုကြွေးနေသည်။
" နင့်အစ်ကို ဝူးဝူးဝူး... ကမှ ရုပ်ဆိုးတာ! ဝူးဝူး နင်လည်း ရုပ်ဆိုးတယ်! " လက်ရှိအခြေအနေက သူ့အတွက်တကယ်မျက်နှာသာမရနေသော်လည်း သူက အရှိန်အဟုန်အပြည့်ဖြင့် ပြောနေဆဲ။ " နင်တို့တစ်မိသားစုလုံး ရုပ်ဆိုးတာ! "
" နင် ပြန်ပြောလိုက်စမ်း! " ဟောဟဲလိုက်အောင် မောနေသည့်တိုင် နင်းရှီးဟာ ကောင်လေးရဲ့ ကျောကို အားမာန်အပြည့်ဖြင့် ဗြန်းကနဲ့ ချလိုက်၏။
" စုန့်နင်းရှီး တော်လိုက်စမ်း! " နင်းယွီမှာ သူမ သေအောင်ရိုက်တော့မှာ ကြောက်မိသဖြင့် ကမန်းကတန်းအရှေ့တိုး၍ သူမကိုဆွဲထူရသည်။
တစ်ဖက်လူမှာ ပို၍ကျယ်လောင်စွာ ငိုကြွေးလာ၏။
နင်းယွီကိုမြင်သော် သူမက ခဏကြောင်သွားပြီး မသိလိုက်မသိဘာသာနှင့် ရုန်းထွက်ကာ စုန့်မော့ထံ ကျုံ့ဝင်သွားသည်။
" သမီး ရန်မဖြစ်ဘူး... " နင်းယွီမမေးခင်မှာပင် သူမက မလုံမလဲနှင့် ငြင်းလာသည်။ " သမီးနဲ့ဘာမှမဆိုင်ဘူး "
VOUS LISEZ
ဒဏ်ရာဟောင်း || ဘာသာပြန် || 『Completed 』
Roman d'amour" အကယ်၍ မင်း တစ်ခုခုကို အမှားလုပ်မိခဲ့ပြီဆိုရင်၊အကျိုးဆက်တွေကို ရင်ဆိုင်ဖို့လိုတယ်။ ဒါကြောင့် ငါက တစ်ဘဝစာလုံး ကံအကြောင်းမလှဖို့ရာ ပြင်ဆင်ခဲ့ပြီးပြီ။ " စုန့်ပေါလောင် x နင်းယွီ