20

9.4K 1.1K 40
                                    

လျန်ချိူးယန်က သူ မိန်းမတွေကိုကြိုက်တယ်တဲ့။ Alphaပဲဖြစ်ဖြစ်၊Betaဖြစ်ဖြစ် Omegaဖြစ်ဖြစ် မိန်းမဖြစ်နေသရွေ့တဲ့။သူက တကယ့်ကို ပွင့်လင်းတဲ့သူ။

____________________________________

ခေါင်မိုးထပ်လို့ သူပြောလိုက်တာနဲ့ နင်းယွိ နားလည်ခဲ့သည်။

၎င်းက သူရဲ့ အနားယူရာနေရာနဲ့ သာယာမှုရှာဖွေရာနေရာပင်။ နင်းယွိက သူနဲ့ အဲ့ဒီမှာ အကြိမ်ပေါင်းများစွာ ကြုံဖူးပေမယ့်၎င်းကိုတော့ တစ်ကြိမ်တည်းသာမြင်ဖူးခဲ့ပါသည်။

နေ့လယ်စာစားချိန်ဝယ် ထူးဆန်းတဲ့ အသံတချို့ကြောင့် နင်းယွိ လန့်နိူးသွားရသည်။ အသံက ပြောမပြနိုင်သလို ထူးထူးဆန်းဆန်းဖြစ်နေပြီး ပြည်ကြီးငါးကို ရေပိုက်ထဲထည့်၍ ပြင်းပြင်းပွတ်နေသည့် အသံမျိူးနဲ့ ဆင်တူ​၏။

နင်းယွိက ခုမှနိူးလာခဲ့တာကြောင့် စိတ်ဟာ အနည်းငယ်ထုံထိုင်းနေသဖြင့် တကယ်ကို လှည့်ပတ်မကြည့်မိပေ​။ ဘာပဲဖြစ်ဖြစ် အိပ်မပျော်ခင်က ခေါင်မိုးထပ်မှာမိမိတစ်ယောက်တည်း ရှိခဲ့တာဖြစ်​၏။ ဒါက တကယ်ကို ကြောက်စရာကောင်းနေပြီ။ နင်းယွိ ထ၍ အသံလာရာကို လျှောက်သွားလိုက်မိသည်။

ယင်းက ပြည်ကြီးငါးနဲ့ ရေပိုက်မဟုတ်တာကို သဘောပေါက်ချိန်မှာတော့ အရမ်းနောက်ကျသွားလေပြီ။

လှေကားခွင်ကို လှည့်လိုက်မိလျှင် လူနှစ်ယောက်ရဲ့ ကိုယ်နှစ်ခုက ရုတ်တရက်ကြီး နင်းယွိရှေ့မှာ မြင်မကောင်းရှု့မကောင်းစွာပေါ်လာခဲ့​၏။

စုန့်ပေါလောင်က မျက်လုံးမှိတ်၍ နံရံကို မှီထားပြီး သူ့ရဲ့ အနက်ရောင် ယူနီဖောင်းကုတ်က တွန့်ကြေစွာ တံတောင်ဆစ်ပေါ်ကို ချုံ့ကျနေသည်၊ နောက်ထပ် ထူးဆန်းပါသော Omegaတစ်ယောက်က သူ့​ရှေ့မှာ ဒူးထောက်ထားပြီး လည်တိုင်ဖြူဖြူကိုဆန့်ကာ သူ့ဆန္ဒတွေကို ဖြည့်ဆည်းပေးဖို့ ကြိုးစားနေတာပင်။

မြင်ကွင်းက တကယ်ကို ရှော့ခ်ရစရာဖြစ်လို့ နင်းယွိအား လုံးဝကြက်သေသေသွားစေကာ ချက်ချင်းနေရာမှ ထွက်လိုက်ရမည့် အခွင့်အရေးကို လက်လွှတ်လိုက်ရ​၏။

ဒဏ်ရာဟောင်း || ဘာသာပြန် || 『Completed 』Where stories live. Discover now