39

9.3K 1.1K 17
                                    

အမှတ်တရကောင်းတွေက နေသာထဲမှာ၊ အမှတ်တရဆိုးတွေကတော့ အမြဲ မိုးရွာထဲမှာပဲ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~

စင်္ကြံ အရှေ့တည့်တည့် အဆုံး၌ အပြာရောင်ကောင်းကင်ကြီးပင်။

နီးကပ်သွားလေလေ၊ ဝှေ့သွားသည့်လေကိုခံစားနိုင်မည်ဖြစ်ပြီး ပုစဉ်းရင်ကွဲအသံတွေက ဆူညံလျက်။

ခြစ်ခြစ်တောက် ပူနေသည့် နွေနေထဲ၌ လှေကားခွင်ရဲ့ တစ်နေရာလေးကသာ အမိုးအောက်မှာအရိပ်ကျနေခဲ့ပြီး ကျန်နေရာများကမူ တောက်ပနေတဲ့ နေရောင်တွေ ဖြာထွက်နေခဲသည်။ နင်းယွီ ဘန်တိုဘူးလေးယူပြီး ဘေးဘက်သွားလိုက်ရာ အရိပ်ထဲမှာ အင်္ကျီမပါဘဲ တင်ပျဉ်ချိတ်ထိုင်နေသည့် စုန့်ပေါလောင်ကို တွေ့လိုက်ရသည်။

အကိုက်ဟန့်ကို ထုံးစံအတိုင်း အောက်ပစ်ချထား၍ မိမိကိုကျောပေးထားကာ သူ့ရဲ့ ပွန်းပဲ့နေတဲ့ ကျောပြင်အသားတွေကိုလှစ်ပြထားခဲ့သည်။ သူက အနောက်လှည့်၍ သူ့ပုခုံးပေါ်ကို ခက်ခက်ခဲခဲဖြင့် တစ်စုံတစ်ရာလိမ်းနေ​၏။

နင်းယွီကို သတိပြုမိသွားလျှင် သူက မော့ကြည့်လာသည်။ သူ့မျက်နှာပေါ်မှာ အမူအရာဟူ၍မရှိသော်လည်း သူ့ရဲ့ မသာမယာဖြစ်နေတာတွေကို ခံစားနိုင်ပါသည်။

သူက နင်းယွီကိုမော့ကြည့်ပြီး မျက်လွှာပြန်ချကာ မိမိမရှိသည့်အတိုင်း နီရဲယောင်ယမ်းနေသော ပုခုံးကို ဆေး ဆက်ထည့်နေခဲ့​၏။

အရင်တုန်းက သူစိတ်အခြေအနေကောင်းတဲ့အခါ နင်းယွီရဲ့အချိူပွဲတွေကို တကယ်ချီးကျူးပြပြီး၊ တစ်ခုခုပြောတာတို့လိုစကားတချို့ ပြောလာတတ်သည်။ စိတ်အခြေအနေမကောင်းလျှင်မူ နင်းယွီဘာသာ တစ်ယောက်တည်း ဘာမှမပြောပဲရှိနေရင်တောင် သူက စိတ်ရှုပ်မည်ဖြစ်သည်။

သေချာပေါက်ကို သူသည် လူစိမ်းတွေ လွယ်လွယ်ရန်စလို့မရသည့် သူပင်။

နင်းယွီက အလိုက်သိစွာဖြင့် သူနဲ့မလှမ်းမကမ်းမှ နံရံခြေရင်းမှာ ကွတ်ကီးပါတဲ့ စက္ကူအိတ်လေးတင်ပေးလိုက်၍ စားဖို့တခြားနေရာရှာရန် ပြင်လိုက်သည်။ ထရပ်လိုက်သည်နှင့်တပြိုင်နက် စုန့်ပေါလောင်ရဲ့ အနောက်မှ ပျင်းရိလေးလံစွာ ထွက်ပေါ်လာ​၏။

ဒဏ်ရာဟောင်း || ဘာသာပြန် || 『Completed 』Donde viven las historias. Descúbrelo ahora