58

10.6K 1.1K 46
                                    

ကျွန်တော်ထွက်သွားတုန်းက စားပွဲပေါ်မှာထားခဲ့တဲ့ လက်စွပ်နဲ့ ရင်ထိုးတို့ အခု မရှိတော့ပြီ။

~~~~~~~~~~~~~~~~~~~~~~~~~

စုန့်ပေါလောင် ဖုန်းခေါ်ပြီးသည့်နောက် သူကဖုန်းဘေးဘက်ကို ဟိုရွှေ့သည်ရွှေ့ကစားနေသည်မှာ နာရီဝက်ကြာသည်အထိ။ နင်းယွီ ကျွန်စောင့်ပြီးရင်းစောင့်နေခဲ့ပေမယ့် သိချင်စိတ်ကို မထိန်းနိုင်တော့ဘဲ မေးလိုက်သည်​။ " ဘာအီးမေးလ်လဲ? "

သူက နင်းယွီကိုမကြည့်။ " ဘာကြောင့်မို့လို့ အဆိပ်ပြင်းတဲ့ မြွေဆီကနေ တုံးအတဲ့ ဟမ်းစတားက ရွေးချယ်ပြစ်မှတ်ထားခံရသလဲ၊ ဖမ်းသိမ်းခံလိုက်ရသလဲ ဆိုတာပေါ့ "

ကြားလိုက်ရတာနှင့် အံ့သြစရာကောင်းတဲ့ အီးမေးလ်တစ်စောင်ပင်။

" သူက လူတွေရဲ့ နှလုံးသားတွေနဲ့ ကစားရတာ ကြိုက်တယ်မဟုတ်လား ? " စုန့်ပေါလောင်က သူ့လက်တွေကို ရပ်လိုက်၍နင်းယွီကို မျက်လုံးပင့်ကာ ကြည့်လာသည်။ " ဒါဆို ကိုယ်က သူနဲ့ကစားပေးရမှာပေါ့ "

တစ်ရံရောအခါက ကျူလီသည် သူ့ကို လက်ဖဝါးထဲထည့်ကာကစားဖူးသည်ဟူသော အဖြစ်မှန်ဟာ သူ့ကိုအရမ်းဒေါသထွက်စေပုံပင်။ အဆုံးမဲ့သေစေချင်တာကိုမပြောနှင့်၊ တိုက်ခိုက်ဖို့ကတော့ ဖြစ်လောက်မည်ဖြစ်သည်။

နင်းယွီ အသံတိတ် မှင်သက်သွားရပြီး သူ့ကို ထပ်မေးမိ​၏။ " ဒီရက်ပိုင်း အန်ကယ်ရှောင်းရော ဘယ်လိုနေလဲ။ ငါ သူ့ကိုသွားတွေ့ချင်တယ် "

အော်ပရေးရှင်းပြီးနောက် စုန့်ရှောင်းရဲ့ ပြန်လည်နလံထူနိုင်စွမ်းက မချောမွေ့လှ။ သူက အသက်အရွယ်ကြီးတာကြောင့်ဖြစ်ကောင်းဖြစ်နိုင်ပြီး ထိုညဘက်မှာ အဖျားတွေတက်လာကာ ရက်အတော်ကြာတိုင်ခဲ့လေသည်။

လွန်ခဲ့တဲ့ နှစ်ရက်၊ နင်းယွီ ပြန်ကောင်းလာခဲ့သောအခါ သူ့ကို ဘယ်အချိန်တွေ့ရမလဲ စဉ်းစားရင်း ကိုယ်က ဆေးရုံပြန်တက်ခဲ့ရပြန်​၏။

စုန့်ပေါလောင်က မတ်မတ်ရပ်လိုက်ပြီး ဖုန်းကို အိတ်ထဲ ပြန်ထိုးထည့်လိုက်သည်။

" မင်း အဆင်မပြေသေးတာတောင်၊ ဘာကို သွားကြည့်မှာလဲ ? " အလောင်းတောင်ပုံရာပုံနှင့် မီးပင်လယ်ရှိ စစ်မြေပြင်မှဆင်းသက်လာခဲ့သည့်နှယ် သူ့မျက်ခုံးတွေထဲမှာ ရန်လိုသည့်အရိပ်အယောင်တွေရှိနေတုန်း။

ဒဏ်ရာဟောင်း || ဘာသာပြန် || 『Completed 』Where stories live. Discover now