48

10.1K 1.2K 44
                                    

အောက်ထပ်က ဒိုးနပ်အရသာက အတော်လေးကောင်းတယ်။ မော့မော့ဆို သေချာပေါက်ကြိုက်မှာပဲ... အင်း... ကျွန်တော်သူ့ကို နည်းနည်းလေးတော့ လွမ်းမိတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~

မန့်ရွှေမှာ နေရတဲ့ဘဝက အဆင်ပြေပြီး အေးချမ်းလှသည်။ကလေးအတွက် လာတာမဟုတ်ရင်တောင် နင်းယွီရဲ့ အိပ်မက်ထဲက စိတ်ကူးယဉ်နေရာလေးတစ်ခုလို့ ပြောလို့ရသည်။

ဒေါက်တာထန်းက နင်းယွီအား တတ်နိုင်သမျှ အမြန်ဆုံး ရွေးဖို့ ပြောခဲ့ပြီး အခုချိန်မှာ ပြဿနာမရှိရင်တောင်၊ နောက်နှစ်လအတွင်း ပြဿနာရှိမလာဘူးလို့ ပြောလို့မရကြောင်းပြောလာသည်။ သန္ဓေသားက ကြီးထွားလာသည်နှင့် မိမိရဲ့ မျိူးအောင်အိတ်ကလဲ အချိန်မရွေး ပေါက်ထွက်သွားနိုင်​၏။ ထိုအချိန်ဆို နင်းယွီမှာ အန္တရာယ်ရှိလာရုံမကပဲ သန္ဓေသားကလဲ အသက်ရှင်တော့မှာ မဟုတ်ပေ။

ဤသို့ လုံးဝမတတ်နိုင်သောအခြေအနေကိုခံစားရသည်မှာ အလွန်မချင့်မရဲဲဖြစ်ရသည်။

နင်းယွီက ဒီကလေးဟာ ဘုရားပေးလာတဲ့ ဒုတိယအခွင့်အရေးနဲ့ လက်ဆောင်လို့ ထင်မိသည်။ သို့သော် မိမိကဘာကိုမှ မထိန်းထားနိုင်ခဲ့ပဲ ကံကောင်းမှုတွေက မျက်နှာသာမပေးကြပါချေ။မျှော်လင့်ပြီးတာနဲ့ အမြဲတမ်းလိုလို ပိုကြီးတဲ့ စိတ်ပျက်စရာတွေသာ ရှိနေတတ်၏။

" ဒါ ငှက်ပိတုန်းလေးပဲ " နင်းယွီက ဗီရိုအနိမ့်လေးပေါ်က ပုံကိုစိုက်ကြည့်မိလျှင် ရှောင်းယွီက အပြုံးနဲ့ မိတ်ဆက်ပေးလာသည်။ " အမြှီးဝါ တံစဉ်နှုတ်သီးနဲ့ ငှက်ပိတုန်း "

ငှက်ပိတုန်းရဲ့ ငှက်မွှေးတွေဟာ သတ္တုလို အစိမ်းရင့်ရောင်ဆန်ဆန်ဖြစ်ပြီး နှုတ်သီးက သူ့နာမည်အတိုင်း တံစဉ်ပုံသဏ္ဍာန်ဖြစ်သည်။ ဓာတ်ပုံရိုက်လိုက်တဲ့အချိန်မှာ ၎င်းက အဝါရောင်ဒေးလီလီပင် ပေါ်တွင် နားနေခဲ့သည်။

ရှောင်းယွီရဲ့အိမ်ရှိ ဗီရိုတွေ၊ နံရံတွေပေါ်မှာ သဘာဝရှူ့ခင်းနဲ့ တောရိုင်းတိရိစ္ဆာန်မျိုးစုံတို့ရဲ့ ဓာတ်ပုံတွေများစွာရှိ​၏။

" အရမ်းလှတာပဲ။ " နင်းယွီက သူပေးလာတဲ့ ကိုကိုးအပူကို လှမ်းယူလိုက်သည်။

ဒဏ်ရာဟောင်း || ဘာသာပြန် || 『Completed 』Where stories live. Discover now