လူတိုင်း လိမ္မာတဲ့ကလေးတွေကို သဘောကျပါတယ်။ ဒါပေမယ့် ဆိုးတဲ့ကလေးတွေကိုလဲ ဘယ်သူမှမချစ်ဘူးလို့ မဆိုလိုဘူး။~~~~~~~~~~~~~~~~~~~~~
နောက်တစ်နေ့ မနက် နင်းယွီနိုးလာတော့ စုန့်ပေါလောင်က အိပ်ရာထဲမှာ မရှိတော့ပေ။
နင်းယွီ ဆေးကြောပြီး အောက်ထပ်ဆင်းလာသော် သူနဲ့ စုန့်မော့တို့ကို ထမင်းစားပွဲမှာတွေ့လိုက်ရသည်။
" ကျွန်မက မင်းကို ခဏလောက်နေမှ နိုးမယ်ထင်နေတာ " အန်တီကျိူးက နင်းယွီဆင်းလာတာမြင်တော့ မိမိရဲ့ ပုံမှန် ခုံပေါ်မှာ ဇွန်း၊ခက်ရင်းတွေ ချပေးလာ၏။
စားပွဲပေါ်၌ မုန့် ၇မျိုး၊၈မျိူးနှင့် သက်သက်လွတ်ယာဂုအိုးတစ်အိုးရှိသည်။ နင်းယွီ မနေ့လုပ်ထားတဲ့ ပေါင်မုန့်ဝိုင်းပန်းကန်ကတော့ စုန့်ပေါလောင်၏ အရှေ့တွင်ရှိနေ၏။ သူက ပန်းကန်ထဲမှာ ယာဂုအပြည့်၊ လက်ထဲမှာ ပေါင်မုန့်ဝိုင်းနှင့် တရုတ်နှင့်အနောက်တိုင်းကိုပေါင်းကာ အငန်နဲ့ အချိုတွဲစားနေသည့်တိုင် နှစ်နှစ်ခြိုက်ခြိုက်စားသောက်နေတာဖြစ်သည်။
နင်းယွီ ထိုင်ချလိုက်သည်နှင့် စုန့်ပေါလောင်က ရုတ်တရက် " မင်းစားပြီးသားလေ " လို့ ပြောတာကို ကြားလိုက်ရ၏။
သူက မိမိကို စကားပြောနေတာလို့ ထင်လိုက်သဖြင့် နင်းယွီ မော့ကြည့်လိုက်သည်။ထိုအခါမှသိလိုက်သည်က သူကပေါင်မုန့်ဝိုင်းပန်းကန်ကို လက်ဖျားနဲ့ညှပ်၍ သူ့အရှေ့ကိုပြန်ဆွဲယူနေသည့်အခိုက် စုန့်မော့ကမူ လက်ဆန့်လျက် ဆွဲယူနေသည့်အမူအရာဖြင့် မျက်နှာမှာ မကျေနပ်နေသယောင်။
" သားတစ်ခုပဲ စားရသေးတာ... " စုန့်မော့က လက်ပြန်ရုတ်ရင်း စုန့်ပေါလောင်ဆီ ပါသွားသော ပေါင်မုန့်ဝိုင်းပန်းကန်ကိုဝမ်းနည်းမျက်လုံးလေးတွေနဲ့ ကြည့်ရှာသည်။
" ကလေးတွေက ၊ အချိူတွေအများကြီး မစားရဘူး " စုန့်ပေါလောင်က သူ့သားရဲ့ အပြစ်တင်သံကို လျစ်လျူရှုပြီး သူ့လက်ထဲကတစ်ခုကိုစားကာ ပန်းကန်ထဲမှ နောက်တစ်ခု ယူလိုက်၏။
YOU ARE READING
ဒဏ်ရာဟောင်း || ဘာသာပြန် || 『Completed 』
Romance" အကယ်၍ မင်း တစ်ခုခုကို အမှားလုပ်မိခဲ့ပြီဆိုရင်၊အကျိုးဆက်တွေကို ရင်ဆိုင်ဖို့လိုတယ်။ ဒါကြောင့် ငါက တစ်ဘဝစာလုံး ကံအကြောင်းမလှဖို့ရာ ပြင်ဆင်ခဲ့ပြီးပြီ။ " စုန့်ပေါလောင် x နင်းယွီ