Extra-1

12.9K 1.1K 25
                                    


Unicode


စုန့်ပေါလောင်က နေမကောင်းဖြစ်နေတော့ နင်းယွီနည်းနည်းလေး စိတ်ပူနေရသည်။

Alphaတစ်ယောက်က ဘယ်လောက်ပဲ သန်မာနေပါစေ၊ သူတို့တွေ အအေးမိပြီး ချောင်းဆိုးတယ်ဆိုတာတွေက ရှောင်လွှဲလို့မှမရတာကိုး။ သူတို့ C20ကို ခံနိုင်ရည်ရှိတယ်ဆိုတာနဲ့ ရောဂါဘယအားလုံးကို ခံနိုင်ရည်ရှိဖို့ မဖြစ်နိုင်ဘူးလေ။ သို့သော် စုန့်ပေါလောင်ကတော့ သူ့ဂလင်းတွေဆုံးရှူံးပြီးနောက် သာမန်Alphaတွေနဲ့ မတူတော့​။ ဒါကြောင့် သူရဲ့ အူရောင်ငန်းဖျားရောဂါက ရာသီအကူးအပြောင်းကြောင့်လား၊ သူ့ ဂလင်းဖယ်ရှားမှုကြောင့်လား မသိရပါချေ။

တောက်ဘုန်းကြီးဝေ့ကျင်ကတော့ နင်းယွီက (ကိစ္စတစ်ခုခုဆို) နှစ်မြှုပ်လွယ်လွန်းသည်ဟု ပြောခဲ့ပြီးတကယ်လည်း နင်းယွီက ဖိစီးနှစ်မြှုပ်တတ်လွယ်သူဖြစ်သည်။ ဒီကိစ္စလေးနှင့်ပင် သူ့ရဲ့ ချောင်းဆိုးသည့် လက္ခဏာစဖြစ်ကတည်းက စိတ်ထဲမှာတဝဲလည်လည်နှင့် တွေးဆနေမိ​၏။ သူက တစ်ပတ်ဖျားနာခဲ့ပြီး မိမိက တစ်ပတ်လောက် စိုးရိမ်ခဲ့ရသည်။

လတ်လတ်ဆတ်ဆတ်အသီးညှစ်ဖျော်ထားသော ဖန်ခွက်ကို ကိုင်ရင်း နင်းယွီ စာကြည့်ခန်းတံခါးကို သာသာခေါက်လိုက်သည်။ နင်းယွီဝင်လာသော် စုန့်ပေါလောင်မော့ကြည့်လာတာနှင့်ဆုံပြီး သူက ခေါင်းပြန်ငုံ့သွား၍ စာချုပ်စာတမ်းတွေကိုဆက်ဖတ်နေခဲ့​၏။

နင်းယွီက စားပွဲရှေ့မှာ ခဏရပ်ပြီး စောင့်နေလိုက်သည်။ သူပြန်မတုံ့ပြန်လာတာကိုမြင်လျှင် တစ်ခွန်းမဆိုပဲ ဖန်ခွက်ကို သူ့လက်ထဲရောက်တဲ့အထိ တွန်းပေးလိုက်​၏။စုန့်ပေါလောင်ဟာ ခဏမျှတန့်သွားပြီး လျစ်လျူမရှုနိုင်တော့ပေ။ သူ့လှုပ်ရှားမှုတွေကို ကူကယ်ရာမဲ့စွာ ရပ်လိုက်ကာ လက်ချောင်းကြားမှာ ဖောင်တိန်ညှပ်၍ နှစ်ခါလောက်လှည့်လိုက်ပြီး ဘေးချလိုက်သည်။

" ကိုယ် မသောက်တော့လို့ရလား? " သူက နှာသံအက်အက်ဖြင့် " ကိုယ် သုံးရက်ဆက်တိုက်သောက်ခဲ့ပြီပဲ၊ အသုံးဝင်တယ်လို့မှ မခံစားရတာ... အဲ့တော့ မသောက်လို့ရလား ? "

ဒဏ်ရာဟောင်း || ဘာသာပြန် || 『Completed 』Where stories live. Discover now