Extra-10

17.2K 1.3K 76
                                    


Unicode





စုန့်ပေါလောင်ရဲ့ ရုံးခန်းက အရမ်းတိတ်ဆိတ်နေပြီး မီးတွေကလဲ ဖွင့်မထား၊ ခပ်မှိန်မှိန်လရောင်ကသာ ပြတင်းမှ အရိပ်ထင်ကာ မြို့တော်​၏ လင်းထိန်နေသောမီးရောင်များက အခန်းထဲကို အလင်းကျနေခဲ့သည်။

နင်းယွီ အမှောင်ထဲမှ နားနေခန်းထဲကို ဝင်သွားလိုက်ပြိး စုန့်ပေါလောင် နာမည်ကို ဆက်တိုက်ခေါ်နေပေမယ့် ဘယ်သူမှ မဖြေလာပေ။

" စုန့်ပေါလောင် ? "

အထပ်တစ်ခုလုံး တိတ်ဆိတ်နေသည်မှာ နင်းယွီတစ်ယောက်တည်းရှိနေသကဲ့သို့ပင်။

ရုံးခန်းထဲမှာ ဘယ်သူမှမရှိသလို သန့်စင်ခန်းထဲတွင်လဲ ဘယ်သူမှမရှိ။ ကုတင်ပေါ်မှာလဲ ဘယ်သူမှမရှိတာကြောင့် နင်းယွီဖုန်းထုတ်၍ စုန့်ပေါလောင်အား ခေါ်မည်အပြု ရုတ်တရက် အရပ်ရှည်ရှည်ကိုယ်တစ်ကိုယ်က အနောက်မှ အပြေးဝင်လာကာ မိမိခါးကို လက်များဖြင့် တင်းအောင်ဖက်လိုက်ပြီး သူ့အရှေ့ကနေ နင်းယွီကို ချုပ်ထားလိုက်သည်။

" မိပြီ။ " အမျိူးသား​၏ ရယ်သံက မိမိနားထဲဝင်လာ​သည်

နင်းယွီရင်မှာ ပြင်းထန်စွာ ခုန်ပေါက်နေဆဲဖြစ်ပြ်ီး မျက်နှာပေါ်၌လည်း ထိတ်လန့်သွားသည့် အမူအရာနှင့် ဖြစ်နေပေလိမ့်မည်။

" မင်းငါ့ကို လှန့်လိုက်တာပဲ " သူ့လက်မောင်းကို ကိုင်လျက် နင်းယွီ ရင်ခုန်သံတွေ ငြိမ်ကျသွားအောင်ကြိုးစားရင်း သူရဲ့ကလေးဆန်ဆန်အပြုအမူတွေကို အပြစ်တင်လိုက်သည်။

သူက မိမိနောက်မှာကပ်လျက် ပြတင်းပေါက်ဆီကို ယိမ်းထိုး လျှောက်သွားပြီး နင်းယွီအား ရှန်းတန်​၏ ညအလှကို ကြည့်ရှုစေ​၏။

" လှလား။ "

ညဥ့်နက်နေပြီးဖြစ်သဖြင့် အထပ်မြင့် အဆောက်အအုံတွေပြည့်နှက်နေသော မြို့လယ်ခေါင်ဟာ တောက်ပစွာ လင်းလက်နေကာ လမ်းမထက်၌လည်း ယာဉ်အသွားအလာတွေက အဆက်မပြတ် ။ တိတ်ဆိတ်ခြင်းနှင့် အမှောင်ထုတို့ ဝန်းရံထားပြီး စုန့်ပေါလောင်တစ်ယောက်ထဲက မိမိကိုဖက်တွယ်ထားရာ ထိုကဲ့သို့ရှိနေသောအခါ ပျားပန်းခပ်လှုပ်ရှားသည်များမှကင်းလွတ်ကာ ငြိမ်းချမ်းသည့် ခံစားချက်မျိုး မတူညီစွာ ဖြစ်တည်လာ​၏။

ဒဏ်ရာဟောင်း || ဘာသာပြန် || 『Completed 』Onde histórias criam vida. Descubra agora