61

9.6K 1.1K 26
                                    

တွက်ကြည့်ရရင် ကျွန်တော် အိုဗန်ကိုမထိရတာ တော်တော်ကြာပြီ။လက်တွေတောင် ယားကျိကျိနဲ့။

~~~~~~~~~~~~~~~~~~~~~~~~~~~~~

အင်အားပြပွဲမှာ ဖြစ်ပွားခဲ့တဲ့ မတော်တဆမှုဟာ လော့ချင်ဟယ့်နဲ့ ပတ်သတ်ခြင်းရှိမရှိကို နင်းယွီမသိ။ မည်သို့ဖြစ်စေ သူပြောခဲ့ပါတဲ့ " အလဟဿထိုင်ကြည့်နေမှာ မဟုတ်ဘူး " ဆိုတဲ့ ရှမိသားစုကတော့ အိမ်ကိုအရင် ရောက်ချလာခဲ့သည်။

နင်းယွီက တောက်ဘုန်းကြီးဝေ့ကျင်မှ လွဲရင် ရှမိသားစုနဲ့ အကျွမ်းတဝင်ရှိသည်။ အစောပိုင်းနှစ်တွေမှာ ရှယန်းချီနဲ့နှစ်ဦးနှစ်ဖက်ဆက်ဆံရေး၊ ရှချောင်ကိုဗွီဒီယိုထဲမှာ တစ်ခါတွေ့ဖူးပေမယ့် တခြားထပ်ပြီး မသိတော့ပေ။ အရင် စုန့်ပေါလောင်နဲ့ လက်ထပ်စဉ်ကလဲ ရှမိသားစုက တက်ခဲ့သည်မဟုတ်။

ထို့ကြောင့် သူနာပြုက " လူကြီးမင်း ရှ " မိမိကို လာတွေ့ကြောင်းပြောသောအခါ နင်းယွီရဲ့ ပထမဆုံးတုံ့ပြန်မှုဟာ တောက်ဘုန်းကြီးဝေ့ကျင် လာတွေ့သည်ဟု။ အမှတ်အသားလုပ်ထားပြီးသား Omega တစ်ယောက်က ဘာကြောင့် ဆေးရုံ ဧည့်ခန်းမှာမှ တွေ့ချင်ရသလဲဆိုတာကို နင်းယွီ သိချင်နေခဲ့သည်။

သံသယများဖြင့် နင်းယွီ ဧည့်ခန်း မှန်တံခါးကို တွန်းဖွင့်လိုက်လျှင် ကျောပြင်မတ်မတ်နှင့် မရင်းနှီးသော မျက်နှာချောချောက ဖြည်းဖြည်းချင်းလှည့်လာတာကို တွေ့လိုက်ရသည်။ လည်ပင်းမှာ အကိုက်ကာလည်ပတ်ကိုတပ်ထားသည့် Omegaလိုခေါ်သူ တစ်ယောက်။

သူ့ မျက်လုံးစွန်းအောက်မှာ သေးသွယ်တဲ့ မှဲ့နီတစ်လုံးရှိ​၏။ ထို မှဲ့ကပင် သူ့မျက်လုံးတစ်စုံကို ကျော့ရှင်းတည်ကြည်စေကာအကြောင်းပြချက်မရှိ ကိန်းကြီးခန်းကြီးနိုင်ကာ စိတ်ကူးယဉ်ဆန်သလို ခံစားရသည်။သူ့ မှဲ့ကိုစိုက်ကြည့်ရင်း နင်းယွီမှာ နှစ်သုံးဆယ်လောက် ပြန်ငယ်သွားတဲ့ ရှချောင်ဗားရှင်းကို တွေ့လိုက်ရသည်နှယ်.... သူတို့ကအရမ်းကို တူလွန်းသည်။

သို့သော် သူစကားပြောလိုက်တာနှင့် တစ်ဖက်သားရဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနဲ့ တည်ငြိမ်မှုတို့က Deja vuကို လုံးဝ ဖျက်စီးပစ်လိုက်သည်။

ဒဏ်ရာဟောင်း || ဘာသာပြန် || 『Completed 』Where stories live. Discover now