နင်းရှီးရဲ့ ဒေါသက စုန့်ပေါလောင်လိုမဟုတ်လောက်ဘူး။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
နောက်တစ်နေ့တွင် စုန့်ပေါလောင်က နင်းယွီကို စကားထပ်မပြောတော့သလို ဆေးရုံမှာလဲ သိပ်မနေတော့ပေ။သူ့အခြေအနေအရ ဒီလိုကုမ္ပဏီကြီးမျိုးကို တစ်ချိန်လုံး ပစ်ထားခဲ့ဖို့ မဖြစ်နိုင်တာက အကျိူးအကြောင်းသင့်ပေမယ့်လဲ၊နင်းယွီ အသားမကျဖြစ်နေပြီး မိမိက အော့ပ်မန်းသပ်ပန်းနံ့တွေ ဝိုင်းနေခဲ့တာနဲ့ နေသားကျနေခဲ့သည်။ရုတ်တရက်ကြီးပျောက်သွားခဲ့သော် ရင်ထဲမှာ မရှင်းမလင်းဖြစ်နေတဲ့ နက်နဲ့သိမ်မွေ့သော အရာတစ်ခု ရှိနေခဲ့ပြီး... အဲ့ဒါက အဆင်မပြေခြင်းအဖြစ် ကျန်နေခဲ့တာပင်။
သေချာပေါက် နင်းယွိက ဒေါသထွက်ရမယ့်လူဖြစ်ပေမယ့် သူက အရင်လျစ်လျူရှုသွားခဲ့တာဖြစ်သည်၊ ဒီအကျင့်စရိုက်ကတော်တော်လေး သေးသိမ်လှ၏။
နင်းယွီ ဆေးရုံဆင်းတဲ့နေ့မှာ အန်တီကျိူးက လာကြိုခဲ့ပြီး လော့မုန့်ပိုင်ကလဲ ကိုယ်တိုင်ကိုယ်ကျ ကားရှေ့အထိ လိုက်ပို့ပေးခဲ့သည်။
" မင်းကိုယ်ထဲက c20ကို ကောင်းကောင်းဖိနှိပ်နိုင်သွားပြီ။ အချိန်တိုအတွင်း ငုပ်နေတဲ့အခြေအနေပြန်ရောက်သွားမယ်လို့ကျွန်မ ယုံတယ် " သူမက ဆံပင်ရှည်ကြီးပို မြှောက်စီး၍ နဖူးပြည့်ပြည့်ကို ပေါ်စေကာ ပိုပြီးရဲရင့်နေသလိုပင်။
" ဒါက အံ့ဩလောက်စရာပဲ "
နင်းယွီ ကားတံခါးကိုကိုင်လိုက်ပြီး ပြုံးပြောလိုက်သည်။ " အဲ့ဒါက မင်းရဲ့ သုတေသနမှာ အထောက်အကူဖြစ်ဖို့ မျှော်လင့်ပါတယ်။ "
" သိပ်အထောက်အကူဖြစ်တာပေါ့။ ဒါက ဘုရားပေးတဲ့ ဆုပဲဖြစ်ရမယ်။ ဘုရားက C20အချုပ်အနှောင်တွေ ဖယ်ရှားဖို့ ဒီကလေးကို ကျွန်မတို့ဆီပို့လိုက်တာနေမယ်။ငါးနှစ်တန်သည်၊ ၆နှစ်တန်သည်၊ ဆယ်နှစ်လောက်ဖြစ်နေပါစေ လူသားတွေအရှုံးမပေးသရွေ့ ဒီတိုက်ပွဲကို အနိုင်ယူဖို့ နည်းလမ်းကို အမြဲရှာလို့ရပါတယ် "
သူမ စကားတွေက " မျှော်လင့်ချက် " အပြည့်နဲ့မို့ ကြားလိုက်ရသည်နှင့် C20ကျော်လွှားနိုင်သည့် အောင်ပွဲက ထောင့်နားမှာရှိနေသလို နင်းယွီကိုအားတက်စေခဲ့ရသည်။
YOU ARE READING
ဒဏ်ရာဟောင်း || ဘာသာပြန် || 『Completed 』
Romance" အကယ်၍ မင်း တစ်ခုခုကို အမှားလုပ်မိခဲ့ပြီဆိုရင်၊အကျိုးဆက်တွေကို ရင်ဆိုင်ဖို့လိုတယ်။ ဒါကြောင့် ငါက တစ်ဘဝစာလုံး ကံအကြောင်းမလှဖို့ရာ ပြင်ဆင်ခဲ့ပြီးပြီ။ " စုန့်ပေါလောင် x နင်းယွီ