ဒီနေ့ကိတ်လာဝယ်တဲ့ ကလေးမလေးက ချစ်စရာကောင်းလွန်းလို့ ကျွန်တော် သူ့ကို အပိုကိတ်တစ်စိတ်ထည့်ပေးလိုက်တယ် ။
~~~~~~~~~~~~~~~~~~~
နင်းယွီကို စီးပွားရေးသူလျှိူဖြစ်စေပြီး တစ်ပါးသူရဲ့ အရာကို ခိုးခိုင်းသည်။ ဒီကိစ္စနဲ့ ချန်ရှင်းဇယ်၊ရှန်းဖျင်တို့ဆိုတာ ဘာကွာသေးလို့လဲ? နင်းရှီက ဒီလို တောင်းဆိုချက်လုပ်လာတဲ့အခါ သူ မိမိကို သူက လျှော့တွက်ထား၍ပေလား ၊ နားမလည်၍ပေလား မသိ။
သို့သော် ဒီကိစ္စက တကယ် ဉာဏ်များလှ၏။
နင်းရှီက ကောင်းကောင်းပြောသွားပြီး နှစ်ရက်လောက် စဉ်းစားခွင့်ပြုခဲ့သည် ။ နင်းယွီ သူမကို သဘောမတူရင်တောင်ဘာမှ လုပ်နိူင်မှာမဟုတ်။ သို့ပေမယ့် သူမလက်ထဲမှာ မိမိ၏ ကလေးရှိနေခြင်းက နင်းယွီရဲ့ အသက်သွေးကြောကို ဖိညှပ်ထားသကဲ့သို့ပင်။ နင်းယွီ သူမကို စိတ်ကုန်ပြီးဒေါသထွက်ရင်တောင်၊ သူမက ဒီ့အတွက်ကြောင့် ယို့ယို့ကိုနာကျင်စေမည်ဆိုပါက မိမိကြုံတွေ့ချင်သည့် နောက်ဆုံးအရာသာဖြစ်တော့၏။
တစ်ဖက်မှာလဲ စုန့်ပေါလောင်က စိတ်ပြောင်းလွယ်ပြီး မိမိအပေါ် နင့်နင့်နဲနဲမုန်းတီးသည့်အခံရှိသည်။ နင်းယွီသာ သူ့ကိုအကူအညီတောင်းကြည့်ပါက သူ နင်းယွီကို ယုံသည်ဖြစ်စေ၊ နင်းယွီနဲ့ ကလေးအကြောင်းကို ဂရုစိုက်လို့ပဲဖြစ်စေ သူ့အမူအရာက " Schrödinger ကြောင် " ပုံစံပဲဖြစ်နေလိမ့်မည်။ ဖြစ်နိုင်ခြေပေါင်းထောင်ချီရှိပေမယ့် နင်းယွီတွေးနိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာ သူက လုံးဝယုံပြီး၊ သူ့မှာ နင်းယွီနဲ့ရထားတဲ့ ၇နှစ်အရွယ်ကလေးတစ်ယောက်ရှိတာကို လက်ခံပေးကာ နင်းရှီထံမှ ယို့ယို့ကို ပြန်ခေါ်လာဖို့ပင်။ သို့ပေမယ့် ဒီအတွေးက သိပ်ကို စိတ်ကူးယဉ်ဆန်ပြီး စိတ်ကူးယဉ်အိမ်မက်နှင့် တူလွန်းနေ၏။
အဆိုးဆုံးကတော့ နင်းယွီအကြောက်ဆုံးတစ်ခုဖြစ်သည်။ ဘယ်သူကမှ နင်းယွီကိုမယုံသလို ယို့ယို့ကိုလဲ ဂရုမစိုက်ဘူးဆိုပါက မိမိတို့သားအဖနှစ်ယောက် ပုံဆိုးပန်းဆိုးနှင့် သေသွားနိုင်တာမျိုး ဖြစ်ကောင်းဖြစ်နိုင်၏။
YOU ARE READING
ဒဏ်ရာဟောင်း || ဘာသာပြန် || 『Completed 』
Romance" အကယ်၍ မင်း တစ်ခုခုကို အမှားလုပ်မိခဲ့ပြီဆိုရင်၊အကျိုးဆက်တွေကို ရင်ဆိုင်ဖို့လိုတယ်။ ဒါကြောင့် ငါက တစ်ဘဝစာလုံး ကံအကြောင်းမလှဖို့ရာ ပြင်ဆင်ခဲ့ပြီးပြီ။ " စုန့်ပေါလောင် x နင်းယွီ