Extra-3

9.7K 1.1K 36
                                    

Unicode

နင်းရှီးတစ်လပြည့်တုန်းက စုန်ရှောင်းတစ်ခါတော့ ပြန်လာခဲ့ပြီး ဆယ်ရက်ကျော်တိုင် နေခဲ့ကာ မကြာမှီမှာပင် ပြန်ထွက်ခွာသွားခဲ့သည်။ ဒီတစ်ခါမှာတော့ သူ ပိုဝေးဝေးသွားခဲ့၍ ပင်လယ်တစ်ဖက်ခြမ်းထံ တိုက်ရိုက်သွားခဲ့ပြီး ထိုသည်မှာ အသိုက်ပြောင်းနေထိုင်တဲ့ငှက်တွေကို ဓာတ်ပုံသွားရိုက်မယ်လို့ ပြောခဲ့သည်။

သူနေရာသစ်ကိုသွားတိုင်း ပို့စကတ်တစ်စောင်ပြန်ပို့ပေးလေ့ရှိသည်။ တစ်ခါတလေ နင်းယွီအဖို့ တစ်လကို နှစ်ကြိမ်၊သုံးကြိမ်လောက် စာရတတ်ပြီး တစ်စောင်ချင်းစီက နောက်သွားမယ့်နေရာနာမည်နှင့် နှုတ်ဆက်စကားတို့ကို ခပ်တိုတိုနှင့်သော့သော့ရေးထားသည်များပင်။

သူကြည့်ရတာက မပင်ပန်းနိုင်ပုံ၊ သူက ထိုလွဲချော်ဆုံးရှုံးရသည်များ အားလုံးကို အစားပြန်ဖြည့်ချင်သည့်နှယ်ဖြစ်ပြီးလူငယ်များထက်ပင် စိတ်အားတက်ကြွနေခဲ့​၏။ တစ်နှစ်အတွင်းမှာပင် သူက အမေရိက တိုက်တစ်တိုက်လုံးသို့ ခရီးရွက်လွှင့်ခဲ့ပြီး နောက်ဆုံး နင်းရှီး တစ်နှစ်တင်းတင်းပြည့်ခါမှ ရှန်းတန်ကို အိမ်ပြန်လာတဲ့ ရွှေ့ပြောင်းငှက်တစ်ကောင်လိုပြန်လာခဲ့လေသည်။

စုန့်မော့က သူ့အဖိုးကိုတွေ့ရတာ အရမ်းဝမ်းသာနေခဲ့ပြီး နှစ်ယောက်သားက တစ်နှစ်အတွင်းကြုံခဲ့ရသမျှ အတွေအကြုံတွေကို အချင်းချင်း သူငယ်ချင်းသဖွယ် ဖလှယ်ပြောဆိုခဲ့ကြသည်။ စုန့်မော့က သူ့ကျောင်းနေရက်များ​၏ ရယ်စရာတိုထွာဖြစ်ရပ်တွေကို ပြောပြပြီး စုန့်ရှောင်းကတော့ သူခရီးတစ်လျှောက်က ထူးထူးဆန်းဆန်းရှုခင်းများအကြောင်း ပြောပြခဲ့ချေသည်။ သူတို့နှစ်ယောက်လုံး​၏ ဘုံ အကြောင်းအရာခေါင်းစဉ်သည်ကား စကားပြောတတ်ဖို့သင်နေပြီဖြစ်တဲ့ နင်းရှီး။

ညီမဖြစ်သူ​၏ ဖွံ့ဖြိုးကြီးထွားမှုကို ပုံမှန်တင်ပြအစီရင်ခံရခြင်းဟာ သူ့မြေးအတွက် စုန့်ရှောင်းပေးထားခဲ့တဲ့ အိမ်စာတွေထဲမှ တစ်ခုပင်။

စုန့်မော့က သူ့ဘဝအစောပိုင်းလေးတွေကို စတင်လာ​၏။ သူက အခုမှ ၇နှစ်သာရှိသေးပေမယ့် ဖတ်နိုင်၊ရေးနိုင်စွမ်းကကောင်းနေပြီဖြစ်တာကြောင့် စကားစမြည်ပြောတဲ့ ဆောဖ့်ဝဲလ်ကို ကျွမ်းကျွမ်းကျင်ကျင်အသုံးပြုနိုင်ချေပြီ။ မြေးအဖိုးနှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် မကြာမကြာ မက်ဆေ့ပို့၍ စကားပြောကြသည်။ တစ်ယောက်က ရိုက်ခဲ့တဲ့ ငှက်ပုံတွေကိုပြပြီး တစ်ယောက် သူရိုက်ထားတဲ့ သူ့ညီမပုံတွေကို ပြပေးကာ အချင်းချင်း မြှောက်ပင့်ကြ​၏။

ဒဏ်ရာဟောင်း || ဘာသာပြန် || 『Completed 』Where stories live. Discover now