26

8.7K 1.1K 29
                                    

ဒီနေ့ ကျွန်တော် ဧည့်သည်တစ်ယောက်နဲ့ဆုံပြီး သူအကြိုက်က ကျွန်တော်လုပ်ထားတဲ့ ကိတ်တွေနဲ့ ကိုက်နေလို့ ကျွန်တော့်လက်ရာကို ချီးကျူးလာခဲ့တယ်။ကျွန်တော် အရမ်းပျော်ရတယ် ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဒါတွေက ကျူလီိရဲ့ အကြင်နာမဲ့တဲ့ လှည့်ကွက်ဖြစ်တာကို သိလျှင် နင်းယွီ စိတ်ဓာတ်ကျနေသော်လည်း စုန့်ပေါလောင်ကိုရှင်းပြဖို့ ကြိုးစားမိသည်။

သို့သော် သူက နင်းယွီရဲ့ဆက်သွယ်ရေးနည်းလမ်းတွေအားလုံးကို ပိတ်ထားပြီးဖြစ်သည်။ ဖုန်းကို မပြောလေနှင့်၊ နင်းယွီသူ့ကို မက်ဆေချ့်တောင် ပို့မရပါချေ။

ရက်အနည်းငယ်အကြာ၊ ကျူလီက နိုင်ငံခြားထွက်သွားခဲ့ပြီး နင်းယွီလည်း သူနဲ့ တစ်မိုးအောက်မနေရတော့ပေ။ ၇နှစ်နှစ်အကြာကွဲပြီးနောက် မိမိတို့ တစ်ခါမှ မဆုံခဲ့ကြ။

စုန့်ပေါလောင်နဲ့ နင်းယွီဟာ သူငယ်ချင်းတွေမဟုတ်ကြသော်လည်း မိမိက ထိုသို့သော စက်ဆုပ်စရာလူလို့ သူ့ကို မတွေးစေလိုပါ။ နင်းယွီ စုန့်ပေါလောင်အိမ်လိပ်စာကို ရအောင်လုပ်ခဲ့ပြီး သူနဲ့တွေ့ကာ၊ ထိုနေ့ကအကြောင်း ပြောပြချင်ခဲ့​၏။ မည်သို့ဆိုစေ နင်းယွီသွားရှာတိုင်း သူ့အစေခံက သူအပြင်ထွက်သွားကြောင်းပြောခဲ့သည်။ တစ်ကြိမ်မကတော့ နင်းယွီဘယ်လောက်ပဲ ရူးနှမ်းပါစေ သူ တမင်တကာ နင်းယွီကို မတွေ့ချင်ခဲ့တာအား သိခဲ့ရသည်။

နွေရာသီအားလပ်ရက် ပြီးသော် နင်းယွီ သူ့အိမ်ကို သွားတံခါး မခေါက်နိုင်တော့ပါချေ။

ဒါက ကံကြမ္မာပဲဖြစ်မည်။အဆုံးမှာတော့ နင်းယွီ ရွေးစရာမရှိပဲ လက်လျှော့ရတော့​၏။

ကျောင်းပြန်စပြီးနောက် နင်းယွီ အထက်တန်း တတိယနှစ်ကိုရောက်လာခဲ့သည်။ နေ့လယ်စာအချိန်တွေဆို နင်းယွီခေါင်မိုးထပ်ကို သွားဆဲဖြစ်ပေမယ့် မိမိရဲ့မုန့်တွေကို စားမယ့်သူ တစ်ဦးတလေမှမရှိခဲ့ပါ။

ဒီလိုအရာမျိူးကို အသားကျနေတာက တကယ်ကြောက်စရာကောင်းသည် ; နင်းယွီတစ်ယောက်တည်း ကျန်ခဲ့ပေမယ့် အချိန်အတော်ကြာတိုင် မုန့်တွေကို နှစ်ယောက်စာပြင်ခဲ့မိဆဲဖြစ်လေသည်။

ဒဏ်ရာဟောင်း || ဘာသာပြန် || 『Completed 』Where stories live. Discover now