38

9K 1.1K 18
                                    

Warning // Mature Contents



ရှန်းတန်ရဲ့ ဆောင်းက အရမ်းအေးတာကြောင့် တစ်နှစ်ပတ်လုံး နွေဦးလို ဖြစ်နေမယ့်နေရာတစ်ခုကို ကျွန်တော် တကယ်သွားချင်တယ်။

~~~~~~~~~~~~~~~~~~~~~~~~

နင်းယွီရဲ့စကားတွေက ဆီပူထဲကို ရေတစ်ဆုပ်ထည့်လိုက်သလိုပင်။ စုန့်ပေါလောင်ဟာ ချက်ချင်း ဒေါသပေါက်ကွဲသွားပြီးနင်းယွီထံ ပြေးဝင်လာ​၏။

သူက နင်းယွီပုခုံးပေါ် လက်တွေတင်ပြီး ခိုင်ခိုင်မာမာကြီးဆုပ်ကိုင်လာသည်။

" သူမင်းကို နမ်းခဲ့သေးလား? "

နင်းယွီ လှဲနေလျက် အေးစက်နေတဲ့မျက်နှာကို ကြည့်ရင်း ရယ်ချင်လာရသည်။

" မင်း ဘာကိုလာပြီးအတိအကျသိချင်နေတာလဲ? သိတော့ရော ဘာလုပ်နိုင်မှာမို့လဲ။ "

သူ့လက်တွေက တဖြည်းဖြည်းတင်းလာပြီး နင်းယွီကို နည်းနည်းလေး နာလာစေသည်။ သို့သော် အကုန်လုံး ပြောပြနေမိသည်။

" သူ့ ငါ့ကိုနမ်းခဲ့တယ် ၊ စပ်ယှက်ခဲ့တယ် ၊ ပြီးတော့ ငါ့ကို ကလေးမွေးပေးဖို့ပြောခဲ့တယ်။ ကျေနပ်ပြီလား ? "

နင်းယွီ လက်ထပ်ပြီးကတည်းက ၊ မဟုတ်သေး...သူနဲ့စတွေ့ကတည်းက ဒါဟာ ပထမဆုံးအကြိမ်အဖြစ် ဒီလိုပုံစံဖြင့်ပြောမိတာဖြစ်သည်။ ဂရုလဲမစိုက်တော့သလို၊ ဘယ်လား၊ညာလားလဲ မတွေးပါဘဲ မိမိမှာ အသက်ဆယ်သက်ရှိသကဲ့သို့ ရဲတင်းလွန်းပါ​၏။

နင်းယွီ ပုခုံးပေါ်က အားဟာ အရိုးတွေကို ချိူးတော့မယောင် အလွန်အားကြီးလာသည်။ နာတာကြောင့် မျက်မှောင်မကုတ်ပဲမနေနိုင်မိ။

" ဒီတော့ မင်းသူ့ကို ချစ်တယ်ပေါ့။ "

ချက်ချင်းဆိုသလို နင်းယွီ ကိုယ်က နာတာတောင် လျစ်လျူရှုနိုင်သွား​၏။ သူ့ကို ကြောင်တက်တက်ဖြင့် မော့ကြည့်လိုက်မိရင်း ဒီသုံးသပ်ချက်က ဘယ်ကဘယ်လိုလာခဲ့မှန်း မသိဖြစ်ရသည်။

နင်းယွီ ငြင်းလိုက်ချင်ပါသော်လည်း ပါးစပ်ဖွင့်လိုက်မိတဲ့တစ်ခဏတွင် လိမ်လိုက်တယ်ဆိုတာကို သဘောပေါက်လိုက်မိသည်။

ဒဏ်ရာဟောင်း || ဘာသာပြန် || 『Completed 』Onde histórias criam vida. Descubra agora