ကျွန်တော် အားနည်းသလောက်၊စုန့်ပေါလောင်ကလဲ အားနည်းလာလိမ့်မယ်ဆိုတာ သိလိုက်ရတယ်။ ကျွန်တော်မဝံ့မရဲလုပ်ပြလိုက်တာနဲ့ သူက ဒေါသတွေထွက်လာရော။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဟန်ယင်းရဲ့ သက်သေတွေက မကြာခင်မှာပဲ အသုံးဝင်လာခဲ့သည်။
လော့ချင်ဟယ့်က အမှန်တကယ် " လျင်မြန်ရက်စက်ပြီးမှန်ကန်တိကျ " သူလို့ ခေါ်ထိုက်သူပင်။ သူက အင်တာနက်ပေါ်ကလူထုအမြင်တွေကို ဖောက်ခွဲပစ်ဖို့ အဆင့်များကိုပင် ချန်လှပ်ထားခဲ့ပြီး သက်သေအားလုံးကို ချန်မိသားစုအား တိုက်ရိုက်လွှဲပေးခဲ့ချေသည်။
ချန်ကျန်းဆိုသည်ကား စီးပွားရေးအသိုင်းအဝိုင်းကြားမှာ ကောင်းမွန်တဲ့ လူအိုကြီးဖြစ်ပြီး မည်သူနှင့်မဆို မဆိုစလောက်ကျွမ်းဝင်သည်ချည်း။ သူက လော့ချင်ဟယ့်နဲ့ဆက်ဆံရေးမှာလဲ မဆိုးသလို၊ ရွမ်ရှုံးဟွားနဲ့ ဆက်ဆံရေးကလဲ မဆိုးနေပါ။သို့ပေမယ့် လူကောင်းတစ်ယောက်ဖြစ်လို့ ဒေါသမရှိဟု ဆိုလိုသည်မှ မဟုတ်ဘဲ။ ဒီလိုကိစ္စမျိုးက သူ့ရဲ့ကန့်သတ်ချက်ကိုထိပါးပြီး တစ်ဖက်ရှိအတိုင်းအတာကို ပုတ်ခတ်လာခဲ့သဖြင့် ဘယ်လောက်အကျွမ်းတဝင်ဖြစ်နေပါစေ ဒီအတိုင်းကျော်သွားဖို့ မဖြစ်နိုင်ပေ။ လော့ချင်ဟယ့် ဟာဒ့်ဒရိုက်ယူသွားပြီး သုံးရက်မြောက်နေ့မှာပဲ ကျူလီတစ်ယောက် စုံစမ်းစစ်ဆေးမှုတွင် ပူးပေါင်းပေးဖို့ ရဲတွေကဆင့်ခေါ်လိုက်သည့် သတင်းက တစ်နေ့တာ၏ ခေါင်းကြီးပိုင်းဖြစ်လာခဲ့၏။
နင်းယွီ စုန့်ပေါလောင်ကို လော့ချင်ဟယ့်က ဘာကြောင့်ဟာဒ့်ဒရိုက်ကို ရဲဆီ တိုက်ရိုက်မပို့သလဲ မေးခဲ့သည်။
စုန့်ပေါလောင်ပြောသည်က : " ရဲလက်ထဲ တိုက်ရိုက်အပ်လိုက်တဲ့အကျိူးက ရွေးကောက်ပွဲက အတိုက်အခံတွေကိုဖယ်ရှားပစ်ဖို့တင်ပဲ။ ရင်းနှီးတာကြောင့်နဲ့ နောက်ဆက်တွဲ ကိစ္စတွေကို ဆုံးဖြတ်ပေးမယ့် ချန်ကျန်းဆီကို လွှဲပေးလိုက်တယ်ဆို အနိမ့်တစ်ဖက်နဲ့အမြင့်တစ်ဖက်ဖြစ်သွားပြီး အဖြေကလဲ ပြောင်းလဲသွားမှာမှမဟုတ်တာ။ မျက်နှာသာ အလကား ရပါမယ်ဆို ၊ဘာလို့ နောက်တစ်ခုရွေးနေမှာလဲ ? "
YOU ARE READING
ဒဏ်ရာဟောင်း || ဘာသာပြန် || 『Completed 』
Romance" အကယ်၍ မင်း တစ်ခုခုကို အမှားလုပ်မိခဲ့ပြီဆိုရင်၊အကျိုးဆက်တွေကို ရင်ဆိုင်ဖို့လိုတယ်။ ဒါကြောင့် ငါက တစ်ဘဝစာလုံး ကံအကြောင်းမလှဖို့ရာ ပြင်ဆင်ခဲ့ပြီးပြီ။ " စုန့်ပေါလောင် x နင်းယွီ