73

11K 1.1K 19
                                    



ပြောရမယ်ဆိုရင် စုန့်ပေါလောင်နဲ့ ကျွန်တော်က " လူဆိုးကောင် " နဲ့ " လူကောင်းလေး " စံပုံစံဖြစ်လောက်မယ်။ ကျွန်တော်သောင်းကျန်းခဲ့ဖူးတာဆိုလို့ ဗိုက်ကတက်တူးတစ်ခုပဲရှိတာ။

_________________________________

" ပြီးလို့ နင်ဝင်သွားတဲ့အခါ နင့်ဗိုက်က အမာရွတ်ကိုဖုံးဖို့လို့ တက်တူးဆရာကို ပြောပြလိုက်။ " နင်းရှီက ကားပေါ်မှာထိုင်နေရင်း ပြတင်းတစ်ဝက်ချကာ နင်းယွီကိုပြောလာသည်။ သူမ မျက်နှာမှာအလွန်မဲမှောင်နေတာကြောင့် အသိအကျွမ်းတွေပင်တစ်ချက်ကြည့်ရုံဖြင့် သူမမှန်းသိမှာမဟုတ်။

" ကျွန်တော် တက်တူး မထိုးချင်ဘူး.... " နင်းယွီ နောက်ဆုံးအကြိမ်အဖြစ် ထပ်ပြောလိုက်မိပြီး လမ်းတစ်လျှောက်လုံးလဲအကြိမ်ပေါင်း မရေမတွက်နိုင်အောင်ပြောခဲ့ပြီးဖြစ်သည်။

နင်းရှီက မိမိကို ကြည့်ပင်မလာပဲ " မြန်မြန်သွားစမ်းပါ၊ ငါ ကားထိုးပြီးရင် နင့်ဆီလာခဲ့မှာ။ "

နင်းယွီ နှုတ်ခမ်းလေးစေ့သွားပြီး လှည့်ကာ တက်တူးဆိုင်ဆီသွားလိုက်မိသည်။

မှန်တံခါးတွန်းဖွင့်လိုက်သည့်အချိန်မှာ တခြားလက်တစ်ဖက်က သတ္တုလက်ကိုင်ကို ကိုင်လာလိုက်သည်နှင့်ကြုံသွား​၏။ နင်းယွီ မော့ကြည့်မိသော် မိမိအသက်လောက်အရွယ် ပန်းခရမ်းရောင် ဆံပင်တိုလေးနှင့် Omega လှလှလေးတစ်ယောက်ကိုတွေ့လိုက်ရပြီး သူက ဗာဒံစေ့သဏ္ဌာန်မျက်ဝန်းတစ်စုံဖြင့်။

" မင်းရော တက်တူးထိုးမလို့လာတာလား ? " သူက အရင်စကားစမေးလာ​၏။

နင်းယွီ တံခါးတွန်းဖွင့်လိုက်ဖို့ အားနည်းနည်းသုံးပြီး စတိုးဆိုင်ထဲဝင်လာခဲ့သည်။ သူ့မျက်နှာမှ စိတ်အားထက်သန်ခြင်းများနှင့် ရင်ဆိုင်ရလျှင် နင်းယွီ နိုးနိုးကြားကြားလေး ဖြစ်သွားရကာ စိတ်အားထက်သန်မှုနည်းစွာ " အင်း " ဟု ယဲ့ယဲ့သာအသံပြုမိသည်။

" ငါလဲ တက်တူးထိုးဖူးတယ်။ ဒီတစ်ကြိမ်က နောက်ဆုံးပဲ " Omegaလေးက သူ့ညာဘက်လက်အင်္ကျီကို မ,တင်၍လက်မောင်းက တက်တူးလေးကို ပြလာသည်။

ဒဏ်ရာဟောင်း || ဘာသာပြန် || 『Completed 』Donde viven las historias. Descúbrelo ahora